ရေတာရှည် ဩဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ်အတွင်း သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ၊ ကုသရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် ခြင်လောက်လမ်းသေဆေး အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေး မှုတ်ခြင်းကို အမတ်ကြီးခုံ(RHC)အပိုင် ကြို့ပင်ထိုက်ကျေးရွာ မူလွန်ကျောင်း၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာ ကျောင်းများတွင် Fogging (ခြင်ဆေး မှုတ်ပေးခြင်း)များ အပါအဝင် ရပ်ကွက်ကျေးရွာများမှာ ခြင်လောက်လမ်းသေဆေး အဘိတ်ဆေးများကို ပုံမှန်ခတ်ပေးခြင်းနှင့် ပထမအကြိမ်ခတ်ပြီး ခြောက်ပတ် အကြာတွင်လည်း ထပ်မံ၍ခတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အသိပညာပေးဟောပြော
အဆိုပါလုပ်ငန်းကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး၊ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း၊ ပိုးလောက်လမ်း ပေါက်ဖွားနိုင်သည့် နေရာများရှင်းလင်းခြင်း၊ ရေအိုး၊ ရေစည်၊ ရေလှောင်ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းများ၊ ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


