ရန်ကုန် ၂၂ မတ်

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က စီစဉ်ကျင်းပသော (၅၇၀)ကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် အလှူရှင်များအား ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ရွှေတိဂုံစေတီတော် ရင်ပြင်တော် တောင်ဘက်ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိနှင့် ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

mdn

 

ထို့နောက် ဗဟန်းမြို့နယ် ညောင်တုန်း ပါဠိတက္ကသိုလ်ကျောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တအာစဘထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချ အနုမောဒနာတရားနာယူကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယနေ့ပြုလုပ်သော အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော် (ရွှေပြား) အလှူရှင် ၂၀၈ ဦးထံမှ ရွှေပြားပေါင်း ၂၁၂ ချပ် အလှူခံရရှိခဲ့ကာ ငွေသား အလှူရှင် ၄ ဦး အပါအဝင် လှူဒါန်းငွေစုစုပေါင်း ကျပ် ၁၉၆၄၂၀ဝ၀ဝ ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

 

mdn