ရန်ကုန် ၂၁ မတ်


ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရွှေစင်ရွှေပြား ဈေးနှုန်းသတ်မှတ်ချက်နှင့်ပတ်သက်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။


လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ပုံမှန်အားဖြင့် ငါးနှစ်တစ်ကြိမ် ရွှေစင်ရွှေပြား ရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်လျက်ရှိရာ ရဟန်းရှင်လူ ပြည်သူများက စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် ရွှေသင်္ကန်းတော် အလှူငွေများကို နေ့စဉ်မပြတ် လာရောက်လှူဒါန်းလျက်ရှိကြပါသည်။


ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း  ဂေါပကအဖွဲ့သည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ  ၁ ရက်မှစ၍ ရွှေစင်ရွှေပြား တစ်ကျပ်သား တစ်ချပ်လျှင် ငွေကျပ် ၈၁၀ဝ၀ဝ (ကျပ် ရှစ်သိန်း တစ်သောင်းတိတိ) ဖြင့် ဈေးနှုန်းသတ်မှတ် အလှူခံလျက်ရှိပါသည်။


လက်ရှိအခြေအနေတွင် ၁၆ ပဲရည် ရွှေစင်တစ်ကျပ်သား၏ ဈေးနှုန်းမှာ ကျပ်တစ်ဆယ်သိန်းကျော်သို့ ရောက်ရှိနေပြီဖြစ်ပါ၍ ရွှေစင်ရွှေပြား တစ်ကျပ်သားတစ်ချပ် ကပ်လှူတိုင်း ရွှေသင်္ကန်းတော် အလှူရငွေမှ စိုက်ထုတ်သုံးစွဲရသော ငွေကြေးပမာဏမှာ များပြားလျှက် ရှိနေပါသည်။


ရှေးယခင်ကတည်းက ပြင်ပကာလပေါက်ဈေးနှင့် အလှူခံနှုန်းထား ကွာခြားမှုရှိလာပါက တိုးမြှင့်အလှူခံခဲ့ရသည့် အစဉ်အလာများ ရှိခဲ့ပြီးဖြစ်သည့်အတွက် ၂၀၁၉ ခုနှစ် မေလ ၁ ရက် နေ့မှစတင်၍ ရွှေစင်ရွှေပြား တစ်ကျပ်သား တစ်ချပ်လျှင် ငွေကျပ် ၁၀ဝ၀ဝ၀ဝ (ကျပ် တစ်ဆယ်သိန်းတိတိ) ဖြင့် ဈေးနှုန်းသတ်မှတ် အလှူခံသွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။


(သတင်းစဉ်)