ရန်ကုန်  ၂၈  မတ် 

 


ရွှေတိဂုံစေတီတော်ဘဏ္ဍတော်ထိန်း ဂေါပကအဖွဲ့က ကျင်းပသော  ၅၇၁ ကြိမ်မြောက် အလှုတော်ငွေ လှုဒါန်းပွဲနှင့် အလှုရှင်များအား ထုတိအနုမောဒနာ ဂုဏ်ပြု မှတ်တမ်းလွှာ ချီးမြှင့်ပွဲကို ယနေ့မွန်းလွဲ (၁)နာရီက စေတီတော်ရင်ပြင်တော် တောင်ဘက် ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်း၌   ကျင်းပသည်။

 

a

 

အခမ်းအနားတွင် အလှုရှင်များက အလှုတော်ငွေများ ပေးအပ်လှုဒါန်းရာ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိနှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး  ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ 

 


ထို့နောက်နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်ဂေါပကအဖွဲ့ သြဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ်ညောင်တုန်း ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂ မဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တ  ပဝရာ ဘိဝံသ ထံမှ ဂေါပက အဖွဲ့ဝင်နှင့် အလှူရှင်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး   ရေစက်ချအနုမောဒနာ တရားနာယူကြသည်။

 

a

 

ယနေ့ပြုလုပ်သော အလှုတော်ငွေ ပေးအပ်လှုဒါန်းပွဲ၌ ရွှေသင်္ကနး်တော် (ရွှေပြား ) အလှုရှင် ၁၈၇ ဦး က ရွှေပြားပေါင်း ၁၉၃ချပ် လှုဒါန်းခဲ့ကြပြီး ငွေသားအလှုရှင် ၃ ဦး အပါအဝင် လှုဒါန်းငွေ စုစုပေါင်း ကျပ် ၁၉၅၄,၇၅,ဝ၀ဝ ဖြစ်ကြောင်း သိရသည်။ 

 


( သတင်းစဉ်)