ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၈၆)ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

ရန်ကုန်      မေ      

 

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့် အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၈၆)ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ မွန်းလွဲ   နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

 

ဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး အလှူရှင်များက အလှူတော် ငွေများ ပေးအပ်လှူဒါန်းရာ အလှည့်ကျသဘာပတိ ဦးလှမြင့်နှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၀င်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကြသည်။

    

ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ၊ တိပိဋကဓရ-ဓမ္မမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါ ယာမိန္ဒာ ဘိဝံသ(ရေစကြို ဆရာတော်)ထံမှ တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမော ဒနာတရားနာယူကြသည်။

 

ယနေ့ကျင်းပသော အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ၂၀၂၄ ခုနှစ် မတ် ရက်မှ ဧပြီ ၃၀ ရက်အထိ ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် (၄၇)ဦး က  ကျပ်သား ရွှေပြား ချပ်နှင့် တစ်ကျပ်သား ရွှေပြား ၅၃ ချပ် စုစုပေါင်း ရွှေစင်ရွှေပြားအချပ်  ၆၀  လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် (၁၆၃)ဦး အပါအ၀င်လှူဒါန်းငွေစုစုပေါင်း ၂၃၁၆၅၀၉၅၅၇ ကျပ် (ကျပ် သိန်းပေါင်း နှစ်သောင်း သုံးထောင် တစ်ရာ ခြောက်ဆယ့် ငါးသိန်း ကိုးထောင် ငါးရာ ငါးဆယ့် ခုနှစ်တိတိ) ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)