လင်းခေး ၂၅ မေ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာအုပ်စု၊ ခွန်အွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း နံဘေးရှိ နမ့်တိန်းချောင်းရေ တိုက်စားမှုကြောင့် မြေကမ်းပါးပြိုကျနေမှုအား ရေထိန်းကျောက်စီခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီက စတင်ဆောင်ရွက်ခဲ့သည်။

 

mdn

 

အဆိုပါ ရေထိန်းကျောက်စီခြင်း လုပ်ငန်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေကျပ် (၄ ဒသမ ၂) သန်းဖြင့် လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိရာ လင်းခေးခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေနှင့် တာဝန်ရှိသူများက ကြီးကြပ်၍  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) လင်းခေးမှ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူလူထုတို့က စုပေါင်းကာ  ကမ်းပါးထိန်းကျောက်ချ၊ ကျောက်စီခြင်းလုပ်ငန်းအား  စုပေါင်းလုပ်အား ဒါနပြု ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)