ရှီတာကီမှိုပုစွန်အဆာသွပ်

အမြင်ဆန်းသလို အရသာလည်းရှိတဲ့ ဟင်းပွဲတစ်ပွဲပါ။

 

ပါဝင်ပစ္စည်းများ (၂ ဦးစာ)

 

ရှီတာကီမှိုအစို  ၄ ပွင့် (အကြီး)

 

ပုစွန် (အမဲအကျား၊ ခေါင်းဖြုတ် အခွံခွာထား) ၂၆၀ ဂရမ်

 

ဆား   အနည်းငယ်

 

ဆာကေး  အနည်းငယ်

 

ကြက်သွန်နီ   တစ်စိတ် ( ၄၀ ဂရမ်)

 

အာလူးမှုန့်     စားပွဲဇွန်း  ၁ ဇွန်း

 

ထောပတ် စားပွဲဇွန်း ၁ ၁/၃ ဇွန်း

 

Yuzu လိမ္မော်သီး  အခွံ ( သေးသေးပါးပါးလှီးထား) လိုအပ်သလောက် ရောစပ်ရန်

 

မုန်လာဥ (ခြစ်ပြီး အရည်အနည်းငယ် ညှစ်ထား) ၁၅၀ ဂရမ်

 

ငရုတ်သီးစိမ်း အနည်းငယ်

 

ကြက်သွန်မြိတ် (နုတ်နုတ်လှီးထား) လိုအပ်သလောက်

 

Ponzy ပဲငံပြာရည်   လိုအပ်သလောက်

 

 ပြုလုပ်ပုံ

 

၁။ ပုစွန်ကို အခွံခွာ၊ ခေါင်းနှင့် အမြီးဖြုတ်ကာ အကြောထုတ်ပြီး   ဆားနှင့်နယ်ပါ။ ထို့နောက် ပုစွန်ကို ရေဆေးပါ။ ဆာကေးဖြန်းပြီး ရေပြန်ဆေးပါ။ ရေစစ်ပြီး  ၅ မီလီမီတာအရွယ် အပိုင်းလေးတွေ ပိုင်းပါ။

 

၂။ ကြက်သွန်နီကို နုတ်နုတ်စဉ်းပါ။ မှိုရဲ့ ရိုးတံကို ဖယ်ပြီး မှိုအပွင့်ရဲ့ အောက်ပိုင်းမှာ ဆားနှင့် အာလူးမှုန့် ဖြူးပါ။

 

၃။ ဇလုံတစ်ခုထဲမှာ ပုစွန်ကို ဆားထည့်ပြီး နှံ့အောင် နယ်ပါ။ ကြက်သွန်နီနှင့် အာလူးမှုန့် ထည့်ပါ။ မှိုပွင့်ရဲ့ အောက်ဖက်ပိ်ုင်း အခွက်လေးထဲမှာ ပုစွန်နဲ့ ကြက်သွန်နီ အရောကို မောက်နေအောင် ထည့်ပြီး ပုံသွင်းပေးပါ။

 

၄။ ချိုးမကပ်နိုင်တဲ့ ဒယ်အိုးထဲမှ ထောပတ်ထည့်ပြီး  မီးအေးအေးနဲ့ အပူပေးပါ။ ထောပတ် ပျော်လာသည့်အခါ ရှီတာကီမှိုကို ပုစွန်ပါတဲ့ အခြမ်း အောက်ဖက်ထားပြီး ထည့်ပါ။ အဖုံးအုပ်ထားပြီး ပုစွန်အသားတွေ  ကျက်သွားတဲ့အထိ ကြော်ပါ။ အညိုရောင်သန်းလာရင် နောက်တစ်ဖက် လှည့်ပေးပါ။

 

၅။ ရှီတာကီမှိုတွေ အညိုရောင် ပြောင်းသွားတဲ့အခါ  အိုးထဲမှဆယ်ပြီး ထက်ခြမ်း ခြမ်းကာ ပန်းကန်ထဲထည့်ပါ။ အပေါ်ကနေ  ပါးပါးလှီးထားတဲ့ လိမ္မော်ခွံလေးတွေ ဖြူးပါ။ ရောစပ်ရန် အမယ်တွေကို ခွက်တစ်ခုထဲ ထည့်ပြီး မှိုပုစွန် အဆာသွပ်နဲ့ တွဲဖက်သုံးဆောင်ရန် ပြင်ဆင်ပါ။

 

ကိုးကား- NHK