ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရီးယဲလ်ဘတ်တစ်အသင်းတို့ ဇန်နဝါရီ ၄ ရက်ညပိုင်းက ယှဉ်ပြိုင်ကစား ခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းက ရီးယဲလ်ဘတ်တစ်အသင်းကို ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးတွေကို ဂွန်ဇာလိုဂါစီယာက သုံးဂိုး၊ အဆန်စီယိုကတစ်ဂိုးနဲ့ ဖရန်ဂါစီယာကတစ်ဂိုး အသီးသီးသွင်းယူပေးခဲ့ပြီး ရီးယဲလ်ဘတ်တစ်အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ကူချိုဟာနန်ဒက်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အခုပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးသုံးဂိုး သွင်းယူနိုင်ခဲ့တဲ့ ဂွန်ဇာလိုဂါစီယာဟာ ပထမဆုံးလာလီဂါဟက်ထရစ် သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဂွန်ဇာလိုဂါစီယာ ဟာ ရီးယဲလ်မက်ဒရစ်ကစားသမားဘဝမှာ အသင်းအတွက် သွင်းဂိုး ၂၅ ဂိုး ရှိလာခဲ့တာ ဖြစ်ပါ တယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ ရီးယဲလ်ဘတ်တစ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် စပိန်လာလီဂါ ပွဲစဉ်(၁၉) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၄၅ မှတ် စုဆောင်းနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်က ဘာစီလိုနာအသင်းနဲ့ လေးမှတ်အကွာ အမှတ်ပေးဇယားအဆင့်(၂) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ရီးယဲလ်ဘတ်တစ်အသင်းကတော့ ရီးယဲလ်မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် လာလီဂါပွဲစဉ်(၁၈) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၂၈ မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၆) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ငွေကြယ်


