ရိခေါဒါရ် ၄ ဧပြီ
ချင်းပြည်နယ် ရိခေါဒါရ် ဒေသအတွင်းရှိ မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးလက်နေ ပြည်သူများအား ယာဉ်မောင်းလိုင်စင် ရရှိနိုင်ရေးအတွက် ရိခေါဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၏ စီစဉ်မှုဖြင့် ချင်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဧပြီ ၃ ရက်တွင် ရိခေါ်ဒါရ်မြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းမဝေးခန်းမ၌ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ချင်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဦးထွန်းမင်းထက်က ယာဉ်မောင်းလိုင်စင် လျှောက်ထားသော ပြည်သူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ရှင်းလင်းပြောကြားပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင် အသစ်ပြုလုပ် ပေးသည့်အပြင် ယာဉ်မောင်းလိုင်စင် ရရှိထားပြီး လိုင်စင်သက်တမ်း ကုန်ဆုံးသွားသည့် လိုင်စင်များကိုလည်း သက်တမ်းတိုးမြှင့်ပေးခြင်းကိုပါ ဆောင်ရွက်ပေးခဲ့ပြီး ရိခေါဒါရ်မြို့ အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာမှ ပြည်သူများအား ယာဉ်မောင်း လိုင်စင်အသစ် (၅၁)ခု ယာဉ်မောင်းလိုင်စင် သက်တမ်းတိုး(၁)ခုတို့ကို One stop service ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရိခေါ်ဒါရ် ပြန်/ဆက်


