ရိခေါဒါရ် ၁၁ ဧပြီ

 

ချင်းပြည်နယ်၏ အမှတ်သင်္ကတနှင့် အထင်ကရနေရာတစ်ခုဖြစ်ပြီး နှစ်စဉ်နှင့်အမျှ လာရောက်လည်ပတ် အပန်းဖြေသူများပြားလာသည့် ရိရေကန်၌ ပြည်သူများ အပန်းဖြေအနားယူခြင်း အဆင်ပြေစေရေးအတွက် ရေကန်ဘေးရှိ အရိပ်ရသစ်ပင်ကြီးများအောက်၌ ထိုင်ခုံတန်းများ ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။

 

ချင်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ရိခေါဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရိရေကန်သို့ လာရောက်လည်ပတ်ကြသူ ပြည်တွင်းပြည်ပခရီးသွား ပြည်သူများ  အပန်းဖြေအနားယူမှုအဆင်ပြေစေရေးအတွက် ရိရေကန် ရေချိုးဆိပ်နားရှိ အရိပ်ရ သစ်ပင်ကြီးများအောက်၌ ကျောက်စီကွန်ကရစ်ထိုင်ခုံ နှစ်ခု၊ သစ်သားထိုင်ခုံ နှစ်ခုနှင့် အပေါ့စွန့်သည့် နေရာများကို ရိခေါဒါရ်မြို့ ရပ်ကွက်လူငယ်များမှ တာဝန်ယူပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများကို ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအမီ အသုံးပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ မြို့စည်ပင် သာယာရေးကော်မတီဝင်များ၊ ရပ်ကွက်လူငယ်များ ပူးပေါင်းပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရိရေကန်သို့ နှစ်စဉ်နှင့်အမျှ လာရောက်လည်ပတ်သူ ခရီးသွားပြည်သူများ ပိုမိုများပြားလာကြောင်း  မြို့နယ်ပြန်/ဆက်မှ သိရသည်။

 

 

MDN