၂၅ နိုဝင်ဘာ
ယမန်နေ့က ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် ရိုမေးနီးယားသမ္မတ ကလပ်လိုဟန်နစ် အနိုင်ရရှိခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထိုရွေးကောက်ပွဲ ဆန္ဒမဲ ၇၀ ရာခိုင်နှုန်းရေတွက်ပြီးချိန်တွင် လိုဟန်နစ်သည် ဆန္ဒမဲ ၆၂ ရာခိုင်နှုန်းခန့် ရရှိခဲ့သော်လည်း အတိုက်အခံဆိုရှယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဗီအိုရီကာဒန်စီလာ က ဆန္ဒမဲ ၃၇ ရာခိုင်နှုန်းကျော်သာ ရရှိခဲ့သည်။
ဉရောပသမဂ္ဂ၏တောင်းဆိုချက်အရ တရားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများ ပြန်လည်လုပ်ဆောင်ရေးနှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတို့နှင့်ပတ်သက်ပြီး လိုဟန်နစ်က ကတိပြုပြောကြားခဲ့သည်။
သို့သော်လည်း ဆိုရှယ်ဒီမိုကရက်များ ထိန်းချုပ်ထားသော ရိုမေးနီးယားနိုင်ငံ၏ ပါလီမန်က ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရန်ဆန္ဒမရှိဟု ပြောကြားခဲ့သည်။
ရိုမေးနီးယားနိုင်ငံသည် အကျင့်ပျက်ချစားမှုကြောင့် ဒုက္ခရောက်နေခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် အီးယူကို ဝင်ရောက်ခဲ့ပြီးနောက် စီးပွားရေးတိုးတက်မှု မရရှိခဲ့ပေ။
ရိုမေးနီးယားနိုင်ငံသည် အီးယူအဖွဲ့ဝင်နိုင်ငံများတွင် အဆင်းရဲဆုံးနိုင်ငံ တစ်ခုဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


