စစ်တွေ ၁၇ ဧပြီ

 

ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ ၂၁၀ ကို ယနေ့ မွန်လွဲပိုင်းတွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

ထို့သို့လွတ်ငြိမ်းသက်သာခွင့်ပေးရာတွင် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၁၀၉ ဦး၊ အကျဉ်းသူ ၆ ဦး၊ နိုင်ငံခြားသား ၁ ဦး စုစုပေါင်း ၁၁၆ ဦး၊ ဘူးသီးတောင် အကျဉ်းထောင်မှ အကျဉ်းသား ၃၅ ဦး၊ အကျဉ်းသူ ၃ ဦး၊ နိုင်ငံခြားသား ၁ ဦး၊ စုစုပေါင်း ၃၉ ဦး ကျောက်ဖြူ အကျဉ်းထောင်မှ အကျဉ်းသား ၃၁ ဦးနှင့် သံတွဲအကျဉ်းထောင်မှ အကျဉ်းသား ၂၃ ဦး၊ အကျဉ်းသူ ၁ ဦး စုစုပေါင်း ၂၄ ဦးတို့ဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ ၂၁၀ လွတ်မြောက်ကြောင်း သိရသည်။

 

အဆိုပါ လွတ်မြောက်လာသူများအား မိသားစုဝင်များ၊ မိတ်ဆွေများက ရင်းနှီးပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသည်။

 

တင်ထွန်း(ပြန်/ဆက်)