စစ်တွေ   ၁   ဧပြီ 

 


တတိယတန်း Grade.3 သင်ရိုးသစ်၊ ရခိုင်ပြည်နယ်အဆင့် နည်းပြသင်တန်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီတွင် စစ်တွေမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း မဟာပညာကျော်ခန်းမ၌ ကျင်းပသည်။

 

ေ

 

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ပညာရေးမှူးဦးအောင်သန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းတာဝန်ခံ ကျောက်ဖြူပညာရေးကောလိပ်မှ ဌာနမှူး - ပညာ ဦးမောင်သိန်းဖေက သင်တန်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

 

ေ

 

အဆိုပါသင်တန်းသို့ ပြည်နယ်အတွင်းရှိ မြို့နယ်(၁၇) မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ ၁၃၆ ဦးတက်ရောက်ကြပြီး ကျောက်ဖြူပညာရေးကောလိပ်မှ နည်းပြများက ၁၀ ရက်ကြာပို့ချသွား မည်ဖြစ်ကြောင်းသိရသည်။

 

န

 

ထို့အတူ ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြည်နယ်အတွင်းရှိ မြို့နယ် ၁၅ မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ ၁၆၇ ဦးအားကလေးပျော် ကျောင်းစီမံကိန်း CFS ပြည်နယ်အဆင့် နည်းပြသင်တန်းကို ၁၀ ရက်ကြာဖွင့်လှစ် သင်ကြားပေးလျှက် ရှိကြောင်းသိရသည်။ 

 


တင်ထွန်း(ပြန်/ဆက်)