တောင်ကုတ် ၁၃ ဧပြီ
တောင်ကုတ်မြို့ ရခိုင်အတာသင်္ကြန် ဖြစ်မြောက်ရေးကော်မတီမှ ဦးဆောင်၍ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဘုရားရေသပ္ပါယ်ပွဲများကို ယနေ့နံနက် ၇ နာရီက တောင်ကုတ်မြို့ ကျက်သရေဆောင် သမိုင်းဝင်ဖောင်တော်ဦး စေတီတော်ရင်ပြင်၌ ရခိုင်ရိုးရာစည်တော်ယွန်း၍ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ရခိုင်စည်တော်အဖွဲ့မှ ရခိုင်ရိုးရာစည်တော်ယွန်း၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ် ရခိုင်အတာသင်္ကြန် ဖြစ်မြောက်ရေးကော်မတီဝင်များ၊ နံ့သာသွေးပြိုင်ပွဲဝင် လှပျိုဖြူလေးများက မြို့နယ် သံဃနာယကဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဖေါင်တော်ဦးစေတီတော် ရင်ပြင်ရှိ ဗုဒ္မရုပ်ပွားတော်များအား ရေသပ္ပါယ်ခြင်း၊ ထို့နောက် မြို့ကျောင်းတိုက်များသို့ လှည့်လည်ကာ ဗုဒ္မရုပ်ပွားတော်များအား ရေသပ္ပါယ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


