ရမည်းသင်း   ဇန်နဝါရီ   ၄

မန္တလေးတိုင်းဒေသကြီး  ရမည်းသင်းမြို့နယ်တွင် ရမည်းသင်းခရိုင် အားကစားနှင့်   ကာယပညာဦးစီးဌာနမှ   ကျင်းပသည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ခရိုင်အားကစားကွင်းအတွင်း၌ ကျင်းပသည်။

အားကစားပြိုင်ပွဲများတွင် ပိုက်ကျော်ခြင်းအမျိုးသား၊ ထုပ်ဆီးတိုး အမျိုးသမီး၊ လွန်ဆွဲအမျိုးသား/ အမျိုးသမီးနှင့် ကွင်းတွင်းအားကစားပြိုင်ပွဲ ၁၁ မျိုး စုစုပေါင်းအားကစားပြိုဲင်ပွဲ ၁၅ မျိုးကို ဇန်နဝါရီ ၂ ရက်မှ    ၄   ရက်အထိ  ကျင်းပပြီး  ဆုရရှိသူများအား  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ  ဦးစိန်မြင့်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။            

သိမ့်သိမ့်မျိုး(ပြန်/ဆက်)