နေပြည်တော် ၂ ဇန်နဝါရီ
မြန်မာမိန်းကလေးများအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်သူအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ အထူးဒေသ(၂)၊ မိုင်းဖျန်မြို့နေ မနာဖူး၊ ၂၆ နှစ်၊ (ဘ) ဦးကျားယော်က တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့နေ မxxxxx၊ ၂၀ နှစ်နှင့် မxxxxx၊ ၂၀ နှစ်တို့အား တရုတ်အမျိုးသားနှင့် လက်ထပ်ပါက ချမ်းသာစွာနေထိုင်ရမည်၊ မိဘများကိုလည်း ထောက်ပံ့နိုင်မည်ဟုပြောဆို စည်းရုံးလျက် တရုတ်ဇနီးအဖြစ် ရောင်းစားရန် စီစဉ်ခဲ့မှုအား ကျိုင်းလပ်နယ်မြေရဲစခန်း (ပ) ၅/ ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး တာချီလိတ်ခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၃ ရက်တွင် တရားခံ မနာဖူးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


