လားရှိုး ၉ မတ်


ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ လိုက်ပါလျှက် ယနေ့ နံနက် ၉ နာရီအချိန်က လားရှိုးမြို့၊ အမှတ်(၁)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ လမ်းဖြတ်ရေနုတ်မြောင်း၊ကွန်ကရစ် တံတားတည်ဆောက်နေမှုအား သွားရောက်စစ်ဆေးကြည့်ရှုရာ လားရှိုးမြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက လမ်းဖြတ်တံတားတည်ဆောက်နေမှုနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်အား ရှင်းလင်းတင်ပြသည်။


အဆိုပါတံတားသည် အရှည် ၄၂ ပေ၊ အကျယ်သုံးပေ၊ အနက်သုံးပေရှိပြီး Box Culvert ပုံစံတည်ဆောက်ထားရှိကာ လမ်း၏မြေသားအနိမ့်အမြင့်အလိုက် မိုးရာသီအချိန် လမ်းနဘေးရှိ အိမ်များသို့ ရေးဆိုးများ ဝင်ရောက်မှုကင်းရှင်းနိုင်ရန်အတွက် လမ်းဖြတ်ကူး ကွန်ကရစ်တံတား၊ ရေနုတ်မြောင်းတည်ဆောက်ခြင်းဖြစ်ပြီး ဌာနခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။


ဟန်ဌေး(လားရှိုး)