''ရှင်းလင်းလွယ်ကူ တိုင်းပြည်ထူ'' ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

၆  နိုဝင်ဘာ

 

"မြန်မာပြည်ရဲ့ တကယ့်အနေအထားအမှန်ကို ကမ္ဘာ့ဘဏ်မှာရှိတဲ့ Data Record ဝင်အောင် ပထမဦးဆုံးအနေနဲ့ လုပ်ပါမယ်။  ဒုတိယအနေနဲ့ကတော့Quick Fix အနေနဲ့ တစ်နှစ်အတွင်းမှာ ပြင်လို့ရတဲ့ဟာတွေ၊ အမြန်ပြင်လို့ရတဲ့ဟာတွေ ပြင်ပါမယ်။"

 

ဦးဇေယျသူရမွန်(ကုန်သည်/စက်မှုအသင်းချုပ်အလုပ်အမှုဆောင်)

 

''ရှင်းလင်းလွယ်ကူ တိုင်းပြည်ထူ'' ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့ရာ အဆိုပါစကားဝိုင်းဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) အထွေထွေမန်နေဂျာ ဦးတင်အောင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အလုပ်အမှုဆောင် ဦးဇေယျသူရမွန်တို့က ပါဝင်ဆွေးနွေးကြသည်။

 

အစီအစဉ်မှူး ။ ။ စီးပွားရေးလုပ်ငန်းများ လွယ်ကူမှု အညွှန်းကိန်းမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်သလဲဆိုတာကို ရှင်းပြပေးပါဦး။ 

 

 

ဒေါ်လှိုင်မော်ဦး ။ ။ ကျွန်မတို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေနဲ့ Dealing with Construction Permits အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ပါဝင်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာဆိုရင် လူဦးရေအများဆုံး မြို့မှာရှိတဲ့ Construction Permits ဆောက်လုပ်ရေးခွင့်ပြုမိန့်တွေနဲ့ ပတ်သက်တာကို အဓိကထားပြီး တိုင်းတာတာဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံမှာ မြို့ကြီးတွေအနေနဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မြို့တွေရှိပါတယ်။ အဲဒီမြို့ကြီးတွေအနက် ရန်ကုန်မြို့ကတော့ လူဦးရေအရ အများဆုံးဖြစ်တဲ့အတွက် rankingက ရန်ကုန်မြို့မှာ Construction Permits နဲ့ ပတ်သက်ပြီး ဘယ်လို  deal လုပ်သလဲဆိုတာကို တိုင်းတာတာ ဖြစ်ပါတယ်။ 

 

အစီအစဉ်မှူး။ ။ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီအနေနဲ့ ဆောင် ရွက်နေတဲ့ Dealing with Construction Permits နဲ့ ပတ်သက်ပြီး IFC က သတ်မှတ်တဲ့ အဆင့်မှာ ဘယ်လောက်အထိ ရောက်နေပြီလဲ။

 

ဒေါ်လှိုင်မော်ဦး။ ။ စီးပွားရေးလုပ်ငန်းများလွယ်ကူမှု အညွှန်းကိန်း လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံဟာ ၂ဝ၁၄ ခုနှစ်မှာ စပါတဲ့ အချိန်ကတည်းက Dealing with Construction Permits က ပါဝင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ Dealing with Construction Permits က အဆင့် ၁၃၄ မှာ ရှိခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ အဆင့် ၁၃ဝ ကို ရောက်လာခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ်မှာတော့ အဆင့် ၇၄ ကို ရောက်ခဲ့ပြီးတော့ ၂ဝ၁၇ ခုနှစ်မှာ အဆင့် ၆၆ အထိ တက်လာခဲ့ပါတယ်။ ၂ဝ၁၈ ခုနှစ်မှာ အဆင့် ၇၃ မှာရှိပါတယ်။ အဲဒီလို ရှိနေတဲ့အတွက် ကြောင့် ပထမဦးဆုံး စပြီးပါဝင်ခဲ့တဲ့ ၂ဝ၁၄ ခုနှစ်နဲ့ စာရင် အခုချိန်မှာ အဆင့် ၆၁ ဆင့်အထိ တိုးတက် လာပါတယ်။ ဒီနှစ်မှာလည်း ထပ်ပြီးပြင်ဆင်ထား တာတွေ ရှိပါတယ်။ 

 

အစီအစဉ်မှူး။ ။ ဆက်လက်ပြီးတော ့Getting Electricity Indicator နဲ့ပတ်သက်ပြီး ဘယ်လိုတိုးတက်အောင် ဆောင်ရွက် နေတယ်ဆိုတာကိုလည်း ရှင်းပြပေးစေလိုပါတယ်။

 

 

ဦးတင်အောင် ။ ။ အညွှန်းကိန်းက ဒုတိယဝန်ကြီး ရှင်းပြတဲ့အထဲမှာ ပါသလိုပဲ စုစုပေါင်း အòန်းကိန်းဆယ်ခုထဲမှာ လျှပ်စစ်က တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ အဲဒါကတော့ စီးပွားရေးလုပ်ငန်းများ လွယ်ကူမှုအညွှန်းကိန်းထဲက Getting Electricity ကဏ္ဍက ကျွန်တော်တို့နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကဏ္ဍဖြစ်ပါတယ်။Getting Electricity ဆိုတာ လျှပ်စစ်ဓာတ်အား ရရှိဖို့မှာ သူတို့တိုင်းတာတွေက အချက်စုစုပေါင်း လေးချက်ရှိပါတယ်။ လွယ်လွယ်ကူကူနဲ့ လျှပ်စစ် ဓာတ်အားကို ဘယ်လိုရသလဲဆိုတာ အဓိကပဲ ဖြစ်ပါတယ်။ 

 

သူတို့ဘာတွေနဲ့ တိုင်းသလဲဆိုတော့ လျှပ်စစ်ဓာတ်အားစပြီး ရရှိချင်တဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အနေနဲ့ လျှပ်စစ်ဓာတ်အားရရှိသည် အထိ ဘယ်လောက် အစီအမံတွေရှိသလဲ။ နောက်တစ်ခုက အဲဒီအစီအမံတွေကို အောင်မြင်အောင်၊ ပြီးမြောက်အောင် ဆောင်ရွက်ဖို့အတွက် အချိန်ဘယ်လောက်ယူရသလဲ။ နောက်တစ်ချက်က လျှပ်စစ်ဓာတ်အားကို ရချင်တဲ့သူတိုင်း ကုန်ကျစရိတ်နဲ့ ဘယ်လောက် ရင်းနှီးပြီးမှ ရလာလဲဆိုတာပါ။ ဒီဟာကို ဘာနဲ့တိုင်း သလဲဆိုရင် လူတစ်ဦးချင်းရဲ့ ဝင်ငွေနဲ့ အချိုးချပြီး တော့တိုင်းတယ်။ နောက်တစ်ချက်က လျှပ်စစ်ရပြီ ဆိုရင် ရတဲ့လျှပ်စစ်က ဘယ်လောက်ယုံကြည် အားထားရမှုရှိသလဲ၊ ဘယ်လောက်ယုံကြည် စိတ်ချရသလဲ အဲဒီပေတံနဲ့ တိုင်းတယ်။ အဲဒီအချက် ကြီးလေးချက်နဲ့ တိုင်းပြီးတော့မှ ရလာတဲ့ Getting Electricity index ကို သွားပြီးတော့ အထောက်အကူ ဖြစ်တယ်။ ကျွန်တော်တို့ဌာနက ဘယ်လိုစံတွေနဲ့ တိုင်းတာလဲဆိုရင် လေးချက်နဲ့ တိုင်းတယ်။ နံပါတ် ၁ မှ အဆင့်နဲ့ တိုင်းတယ်။ အဆင့်တွေ အများကြီးလိုသလား၊ နည်းသလား၊ နံပါတ် ၂ က အချိန်ပါ၊ အချိန်တိုတိုနဲ့ရသလား၊ ဘယ်လောက်နဲ့ရသလဲ၊ အချိန်အကြာကြီးမှ ရသလား။ 

 

နောက်တစ်ခုက ငွေကြေးကုန်ကျစရိတ်ရှိ သလဲ၊ လူတစ်ဦးဝင်ငွေနဲ့ နှိုင်းယှဉ်ရင် သိပ်များလွန် နေသလား၊ သာမန်ပဲ ရှိသလား၊ နည်းသလား ဆိုတာနဲ့ တိုင်းပါတယ်။ ရရှိလာတဲ့လျှပ်စစ်ဓာတ် အားကိုတော့ ဘယ်လောက်ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်မလဲ၊ ခဏခဏ မီးပျက်သလား၊ မီးပျက်တဲ့ အချိန်၊ အကြိမ်အရေအတွက်၊ ကြာချိန်တွေ ဘယ်လောက်ရှိသလဲ၊ မှန်ကန်မှုရှိ၊ မရှိတို့ ဒါတွေကို ခုနကပြောတဲ့ ယုံကြည်အားထားရမှုတို့ အဲဒီအချက်ကြီး လေးချက်နဲ့တိုင်းပါတယ်။ 
ကျွန်တော်တို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန အနေနဲ့ကတော့ Getting Electricity မှာ ဝန်ကြီးဌာနအနေနဲ့ လုပ်နေတာက အဓိကကဏ္ဍကြီးသုံးရပ်နဲ့ လျှပ်စစ်ထုတ်လုပ်ရေး၊ ဓာတ်အားပို့လွှတ်ရေး၊ ဓာတ်အားဖြန့်ဖြူရေးကဏ္ဍဆိုပြီး အဓိကကဏ္ဍကြီး သုံးခုနဲ့ လုပ်နေပါတယ်။ လုပ်နေတဲ့အထဲမှာမှ အဓိကGetting Electricity က ဘယ်အထဲမှာ အကျုံးဝင်လဲဆိုတော့ ဓာတ်အား ဖြန့်ဖြူးရေး အုပ်စုထဲမှာ အကျုံးဝင်တယ်။  ဓာတ်အားဖြန့်ဖြူးရေး အုပ်စုထဲမှာလည်း အဓိကအုပ်စုကြီး သုံးခုရှိပါတယ်။ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနဲ့ မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဆိုပြီးတော့ သုံးခု ရှိပါတယ်။ အဲဒီသုံးခုက တစ်နိုင်ငံလုံးမှာရှိတဲ့ မီးသုံးသူတွေကို ဖြန့်ဖြူးမှုလုပ်ပေးနေ တယ်။ မီးအားတွေ ဖြန့်ဖြူးပေးပြီးတော့ Getting Electricity indicator မှာ အဓိကကျတာက တော့ ESE ၊ YESC ၊ MESC သုံးခုက အဓိက ကျပါတယ်။ 

ဒီအညွှန်းကိန်းကို တိုင်းတာတဲ့နေရာမှာ ကမ္ဘာ့ဘဏ်က ကိုအောင်သူတို့က ကမကထ လုပ်ပြီးတော့ ဒီအညွှန်းကိန်းတွေကို တိုင်းတာပေါ့။ ကမ္ဘာ့ဘဏ်က လောလောဆယ် လတ်တလောမှာ ဘယ်လိုတိုင်းတာမှုတွေ လုပ်သလဲဆိုရင် ရန်ကုန် ဧရိယာမှာ တိုင်းတာမှုလုပ်တယ်။ ဒါကြောင့်မို့ ကျွန်တော်က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ကိုယ်စားလာပြီး ဝင်ရောက်ဆွေးနွေးရခြင်း ဖြစ်ပါတယ်။ 

 

အစီအစဉ်မှူး။ ။ ဆက်လက်ပြီးတော့ ကျွန်တော်တို့က green business reform မှာ စီးပွားရေးပတ်ဝန်းကျင် ပိုမိုကောင်း မွန်လာအောင် လုပ်ဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုမှာ ဦးဇေယျသူရမွန်အနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လဲဆိုတာကို ရှင်းပြပေးပါဦး။ 

 

 

ဦးဇေယျသူရမွန်။ ။ ကျွန်တော့် အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ အနေအထားက ပထမ စစချင်းမှာ UMFCCI က EC တစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတော်ကလုပ်တဲ့ အစည်းအဝေးတွေမှာ UMFCCI က ပါဝင် ပတ်သက်တဲ့အခါမှာ သူတို့က ဖိတ်ပါတယ်။ ဖိတ်တဲ့အခါကျရင် ကြုံသလိုသွားကြပါတယ်။ တာဝန်ပေးတဲ့သူ ဒါမှမဟုတ်ရင် အားတဲ့သူတွေ သွားကြပါတယ်။ ပထမတစ်ခေါက် ကျွန်တော် အစည်းအဝေးစတက်တဲ့ အချိန်ကတည်းက ကျွန်တော်သတိထားမိတယ်။

 

ဒီလို လုပ်ငန်းစဉ်ကြီးတစ်ခုဟာ ကြုံသလို လာတက်ရင် ဘယ်လိုမှဖြစ်နိုင်မှာ မဟုတ်ဘူးဆိုပြီးတော့ပါ။ အဲဒီအချိန်က စပြီးတော့ ကျွန်တော် ဆုံးဖြတ်လိုက်ပြီးတော့ ကျွန်တော်တို့ UMFCCI မှာ ကျွန်တော် ပါဝင်ကဏ္ဍတွေက တော်တော်လေး များပါတယ်။SMEတို့ ဘာတို့ တခြားကဏ္ဍတွေလည်းပါတယ်။ ဒါပေမယ့် အဲဒီချိန်မှာ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ကျန်တဲ့ကဏ္ဍတွေ ကို ကြုံရာကျပန်း လိုက်ပြီးတော့ အားတဲ့အချိန်မှာ လုပ်တာမျိုး မဟုတ်ဘဲနဲ့ တစိုက်မတ်မတ် Doing Business ကို ကျွန်တော်လုပ်ချင်တယ်။ လုပ်ပေးမယ်ဆိုပြီး ဆုံးဖြတ်ပြီးတော့Doing Business ကို နှစ်ပတ်တစ်ခါလောက် တွေ့ဆုံပြီး လုပ်တာ တစ်နှစ်ကျော်လောက် ရှိပါပြီ။ နှစ်ပတ်တစ်ခါ အစည်းအဝေးကို ဒုတိယဝန်ကြီး ဦးဆောင်ပြီးတော့ indicator အဖွဲ့ဝင်တွေ၊ ကမ္ဘာ့ဘဏ်ကသူတွေနဲ့ အမြဲတမ်း တစိုက်မတ်မတ်လုပ်ခဲ့ပါတယ်။ ဘာလို့ဒီဟာကို ကျွန်တော် ဦးစားပေးပြီး လုပ်ခဲ့လဲဆိုရင် ကျွန်တော့်မှာ အတွေ့ အကြုံလေး တစ်ခုရှိတယ်။ ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းရဲ့ တန်ဖိုးဟာ Doing Business ranking ကောင်းတာ၊ မကောင်းတာကို မူတည်ပြီးတော့ တန်ဖိုးကို ဖြတ်ကြတယ်။ ဥပမာ ကျွန်တော်တို့က ဖက်စပ်လုပ်တာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ business unit ရောင်းတာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင် မှုကို တန်ဖိုးဖြတ်တာပဲဖြစ်ဖြစ်၊Doing Business မှာ ကျွန်တော်တို့က ranking နိမ့်နေတယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပစ္စည်းက ၁ဝဝ တန်တဲ့ပစ္စည်းကို သူတို့က ၇၅ ကျပ်ပဲ ပေးရင်ပေးမယ်။ ၅ဝ ပဲ ပေးရင် ပေးမယ်ဆိုတဲ့ဟာမျိုး၊ ဒီ ranking မြင့်နေရင် ၁ဝဝ တန်တဲ့ ပစ္စည်းက ၁၂ဝ လည်း ဖြစ်သွားမယ်။ ၁၃ဝ လည်းဖြစ်သွားမယ်။Future Value လည်း ရှိတာပေါ့။ အဲဒါကို ကျွန်တော်က alculation လုပ်တယ်။ valuation လုပ်တဲ့ နေရာတွေမှာ ကျွန်တော်တို့က တွေ့ကြုံခဲ့ရတဲ့ အတွက်ကြောင့်မိုလို့ One Point ကွာသွားရင် ကျွန်တော်တို့က 10 Percent လောက် Value Different ရှိပါတယ်။

 

အဲဒါကြောင့် အဲဒါလေးက တော်တော်လေး အရေးကြီးတယ်ဆိုတာသိလို့ တစိုက်မတ်မတ် ဒီလုပ်ငန်းကို ပါဝင်ပတ်သက်ပြီးတော့ အခုမှ မဟုတ်ပါဘူး။ ဒီတစ်နှစ်ပဲလည်း မဟုတ်ပါဘူး။ နောက်တစ်နှစ်ပဲလည်း မဟုတ်ပါဘူး။ အမြဲတမ်း ကျွန်တော် တတ်နိုင်သမျှအဆုံးထိ ကျွန်တော် ပါဝင်မယ်ဆိုတဲ့သဘောနဲ့ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။ အဆုံးထိပါဝင်မယ်၊ ကျွန်တော် နောက်ငါးနှစ်လည်း ဆက်ပြီးတော့ လုပ်မယ်။ ခြောက်နှစ်လည်းလုပ်မယ်။ ၁ဝ နှစ်လည်း ဆက်လုပ်မယ်။ ကျန်တဲ့ကဏ္ဍတွေကို UMFCCI မှာ ကဏ္ဍအများကြီးရှိတဲ့ထဲက ကျန်တာတွေတော့ လျှော့လိုက်ပြီ။ ဒီဟာတစ်ခုကို တစိုက်မတ်မတ် ဦးစိုက်ပြီး လုပ်မယ်ဆိုပြီးတော့ ကျွန်တော် ဆုံးဖြတ်ပြီးလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျွန်တော် တို့က Information နှင့် Data Checkလုပ်တာ နည်းတယ်။ အဲဒီအခါမှာ ကမ္ဘာ့ဘဏ်က ကျွန်တော် တို့ရဲ့Data တွေအပေါ်မှာmiss ဖြစ်နေတာတွေ အများကြီးတွေ့ရတယ်။ ဥပမာဆိုရင် အတွင်းရေးမှူးနဲ့ အစည်းအဝေးလုပ်ကြတဲ့အခါ ရေတွင်းတူးတဲ့ဟာဆိုရင် ဘယ်မှာခွင့်ပြုချက် ယူရသလဲဆိုရင် Metropolitan Water Work Authority ဆီမှာ ခွင့်ပြုချက် ယူရတယ်လို့ ကမ္ဘာ့ဘဏ်က Record လုပ်ထားတယ်။ အတွင်းရေးမှူးက ပြောတယ်၊ အဲဒီ Authority မြန်မာနိုင်ငံမှာ မရှိဘူး။ မရှိဘူးဆိုတဲ့ဟာကို သူတို့က Record လုပ်ထားတယ်။Record လုပ်တော့ စောစောက ဒုတိယဝန်ကြီး ပြောသလိုပဲ သူတို့ procedure ၊ အချိန်ဘယ်လောက် ကြာသလဲတို့၊ ဘယ်လောက် ကုန်ကျသလဲတို့၊ မရှိတဲ့ဟာတစ်ခုကို သူတို့ဆီမှာ ဝင်နေတော့ ပိုကြာပါတယ်ဆိုပြီး ဖြစ်နေတော့ ကျွန်တော်တို့က အမှတ်နည်းတာပေါ့။ 

 

အဲဒီလိုတွေ့ရတဲ့အခါမှာ ကျွန်တော်တို့က ဘယ်လိုစဉ်းစားလဲဆိုရင် ပထမဦးဆုံးအနေနဲ့ နံပါတ်တစ်အချက်အနေနဲ့ True Reflection ကျွန်တော်တို့ရဲ့ မြန်မာပြည်ရဲ့ တကယ့်အနေ အထားအမှန်ကို ကမ္ဘာ့ဘဏ်မှာရှိတဲ့ Data ဝင်အောင် ကျွန်တော်တို့ ပထမဦးဆုံး အနေနဲ့ ကျွန်တော်တို့ လုပ်ပါမယ်။ ဒုတိယအနေနဲ့ ကတော့Quick Fix အနေနဲ့ တစ်နှစ်အတွင်းမှာ ပြင်လို့ရတဲ့ဟာတွေ အမြန်ပြင်လို့ရတဲ့ဟာတွေကို ကျွန်တော်တို့ ပြင်ပါမယ်။ 

 

နောက်တစ်ခုကတော ့ Continuous Improvement ဆိုတာကတော့ ရေရှည်ပြင်ရ မယ့်ဟာတွေရှိတယ်။ ရေရှည်ပြင်ရမယ့် ဟာတွေက ဥပမာ ဥပဒေမှာ ပြင်ရမယ့်ဟာမျိုးတွေ၊ ဥပဒေမှာ ပြင်ဖို့လိုမယ်။ နောက်တစ်ခုက သမ္မတအမိန့်နဲ့ ဒါမှမဟုတ် ဝန်ကြီးဌာနတစ်ခုရဲ့ ခွင့်ပြုချက်နဲ့မှ လုပ်ရမယ့်ဟာမျိုးတွေ နည်းနည်းလေး အချိန် ယူရတယ်။ ဥပဒေဆိုရင် ဒုတိယဝန်ကြီး ပြောသွားတဲ့ Credit Bureau ဆိုတာကြီးက တင်ထားတာ ကြာလှပြီ၊ ဒုတိယဝန်ကြီးတို့က ဒီဟာအရေးကြီးတယ်၊ ကမ္ဘာ့ဘဏ်တို့နဲ့လည်း တိုင်ပင်ပြီးတော့ ဒီဟာအရေးကြီးတယ်ဆိုပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနကို တွန်းအားပေးပြီးတော့မှ ဒီဟာက သမ္မတကြီးတက်တဲ့ အချိန်မှာ တစ်လအတွင်း ထုတ်ပေးမယ်ဆိုပြီးတော့ တစ်လအတွင်း ထွက်လာတယ်။ အဲဒီလိုတွေ ကျွန်တော်တို့ လုပ်ခဲ့ဖူးတယ်။ ။

 

ရှင်မင်း၊ ဓာတ်ပုံ-အေးသန်း

 

(ဆက်လက်ဖော်ပြမည်)