နေပြည်တော် ၁၁ ဧပြီ
    

 

ဝန်ထမ်းများချစ်ခင်ရင်းနှီးစွာဖြင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ကိုပါဝင်ဆင်နွှဲပြီး နှစ်သစ်ကို ပျော်ရွှင်စွာကြိုဆိုနိုင်ရန်နှင့် ဌာနတွင်းဝန်ထမ်းများ စည်းလုံးညီညွတ်မှုတိုးပွားစေရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ပထမအကြိမ်မြောက် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁)၌ ကျင်းပသည်။
    

 

အဆိုပါအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ၊ ဝန်ထမ်းများမိသားစုများ ပါဝင်တက်ရောက်ကြသည်။ 

 


(သတင်းစဉ်)