ရန်ကင်း အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ်(၁၁)ရပ်ကွက် မိုးကောင်းလမ်းရှိ မိုးကောင်း ဆုတောင်းပြည့်စေတီတော်ကြီး၏ မြောက်ဘက်မုခ် အာရုံခံတန်ဆောင်းတွင် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက အဘိဓမ္မာ ခုနစ်ကျမ်းရွတ်ဖတ် ပူဇော်ပွဲ အခမ်းအနားကို ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
အဘိဓမ္မာ ခုနစ်ကျမ်း ရွတ်ဖတ်ပူဇော်ပွဲကို ရန်ကင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့တို့က ဦးစီးကျင်းပခြင်းဖြစ်ပြီး အဘိဓမ္မာ ခုနစ်ကျမ်းရွတ် ဖတ်ပူဇော်ပွဲကြီးကို သီတင်းကျွတ် လပြည့်ကျော် ၁ ရက်မှ ၉ ရက်အထိ ကိုးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း မိုးကောင်း ဆုတောင်းပြည့် စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။
လှလှထွေး


