ရန်ကုန် ၂၁ မတ်


ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 မြေအောက်ထပ်တွင် မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မှုကို မတ်လ ၂၂ ရက် (သောကြာနေ့) တွင် ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်သည်။ 


အဆိုပါ လေ့ကျင့်မှုတွင် မီးတောက်များနှင့် မီးခိုးများ၊ အရေးပေါ်အချက်ပေးသံများ၊ မီးသတ်ယာဉ်များ၊ မီးသတ်ဝန်ထမ်း များနှင့်အတူ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ဝန်ထမ်းများ အရေးပေါ်ထွက်ပေါက်မှ စုရပ်သို့ တစ်ပြိုင်နက် ထွက်ရောက်စုဝေးခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ လေ့ကျင့်မှုဆောင်ရွက်နေစဉ်အတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဝန်ဆောင်မှု လုပ်ငန်းများအားလုံး ပုံမှန်အတိုင်းဆက်လက် လည်ပတ်နေမည်ဖြစ်ပြီး အများပြည်သူ အထိတ်တလန့် မဖြစ်စေရန် ကြိုတင်အသိပေး အကြောင်းကြားထားသည်။


MDN