၁၃ မတ်

ယနေ့နံနက်(၀၅:၀၀) နာရီအချိန်နေပြည်တော်-ရန်ကုန်လမ်းမိုင်တိုင်အမှတ်-၃၃/၀ - ၃၃/၁ကြားတွင် Express ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွား ကြောင်း  အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှုးရုံး မှသိရသည်။

 

့ြ့ျ်

ဖြစ်စဉ်မှာ ယာဉ်မောင်းဦးစိုင်း​အောင်ထွေး တောင်ကြီးမြို့နေသူမောင်းနှင်လာသည့် ယာဉ်အမှတ်-YGN 6G/ --- အမျိုးအစားတောင်ကြီး-ရန်ကုန်ဒို့ညီနောင်ခရီးသည်တင်Express ယာဉ်သည် လေအိတ်ပေါက်ပြီး ကားကိုယ်ထည်နှင့်ဘီးပွတ်တိုက်မှုမှ မီးထွက်ကာ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်သည်။

 

ြု့ျ်ထ


အဆိုပါဖြစ်စဉ်ကြောင့် Express ယာဉ်တစ်စီးလုံး မီးလောင်ကျွမ်းသွားခဲ့ပြီး ယာဉ်ပေါ်ပါ ယာဉ်မောင်း/ယာဉ်နောက်လိုက်အပါအဝင် ခရီးသည်ကျား(၁၂) ဦးမ(၂၀) ဦးပေါင်း (၃၂) ဦးတို့တွင် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်းနှင့် မီးငြိမ်းသတ်နိုင်ရေးအတွက်အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဘောနတ်ကြီးစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့ များ ကူညီဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

MDN

 

ြုျ့့်ျ