သုံးခွ ၁၅ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် တကောကျေးရွာ ရန်ကုန်-ပဲခူးလမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/၁) နှင့် (၄၅/၂)အကြားတွင် ယနေ့ နံနက် ဝ၀ နာရီ ၁၅ မိနစ်ခန့်က Cheng Long Truck အမျိူးအစား (အပြာရောင်) (၆)ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်မောင်းသည် ကားခေါင်းခန်းအတွင်းညှပ်၍ ပိတ်မိနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ယာဉ်မတော်တဆမှုဖြစ်ပွားရာသို့ တောင်ပိုင်းခရိုင်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သုံးခွ မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၁ နာရီ ၁၅ မိနစ်တွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ယာဉ်မောင်း(မစိုးရိမ်ရ)အား သုံးခွမြို့နယ် ကြက်ခြေနီအသင်းမှ သုံးခွမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။
MDN


