ရန်ကုန် ဩဂုတ် ၁၇
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင် ကျော်ဦးသည် တာဝန်ရှိသူများ နှင့်အတူ ဩဂုတ် ၁၆ ရက်က လှိုင်သာယာ (အရှေ့ပိုင်း)နှင့် (အနောက်ပိုင်း)မြို့နယ်များအတွင်း ရှိ ရန်ကုန်-ပုသိမ်လမ်းမကြီးနှင့် ညောင်တုန်းလမ်းတစ်လျှောက် ရွှေပြည်သာမြို့နယ်ရှိ အမှတ်(၄) လမ်းမတစ်လျှောက် လမ်းတိုးချဲ့ရာ တွင် မလွတ်ကင်းသော ဓာတ်အား လိုင်းများ ရွှေ့ပြောင်းရေးဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ၂၃၀ ကေဗွီ မြောင်းတကာပင်မ ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးနေမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးသည်။
ဦးစွာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လှိုင်သာယာ(အရှေ့ပိုင်း) နှင့် (အနောက်ပိုင်း)မြို့နယ်များအတွင်း ရှိ ရန်ကုန်-ပုသိမ်လမ်းမကြီးနှင့် ညောင်တုန်းလမ်းတစ်လျှောက်၊ ရွှေပြည်သာမြို့နယ် အမှတ်(၄) လမ်းမတစ်လျှောက် လမ်းချဲ့ခြင်းနှင့် မလွတ်ကင်းသော ဓာတ်အားလိုင်း တိုင်များရွှေ့ပြောင်းနေမှု အခြေအနေတို့ကိုကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကာ ဓာတ်အားလိုင်းများ ရွှေ့ပြောင်း တည်ဆောက်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အမြန်ပြီးစီးရေး ကြိုးစားဆောင်ရွက်ရန်မှာကြားသည်။
ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ၂၃၀ ကေဗွီမြောင်းတကာ ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ပင်မ (၂၃၀/၃၃/၁၁)ကေဗွီ ထရန်စဖော်မာများမှ ၃၃ ကေဗွီ ဖီဒါ ၂၇ ခုဖြင့် အများပြည်သူနှင့် သံရည်ကျို စက်မှုဇုန်များသို့ ဓာတ်အားဖြန့်ဖြူးထားရှိမှု အခြေ အနေများ၊ ဖီဒါများအလိုက် ဝန်အားနိုင်နင်းမှု အခြေအနေများ ကိုကြည့်ရှုစစ်ဆေးပြီး အသစ် တည်ဆောက်ပြီးစီးပြီဖြစ်သော ၁၀၀ အမ်ဗွီအေထရန်စဖော်မာ အသစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင် မည့်အခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်ဆောင်(YESC)


