ရန်ကုန် ၂၂ မတ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 မြေအောက်ထပ်တွင် ယနေ့ မွန်းလွဲ ၁ နာရီခွဲက မီးဘေးလုံခြုံရေးဇာတ် တိုက်လေ့ကျင့်မှုကို ဆောင်ရွက်ခဲ့သည်။
မီးဘေးလုံခြုံရေးဇာတ်တိုက်လေ့ကျင့်မှုတွင် မီးလောင်မှုဖြစ်ပွားရာနေရာမှ အရေးပေါ် အချက်ပေးသံထွက်ပေါ်လာပြီး Terminal 1 မြေအောက်ထပ်ရှိ လေဆိပ်ဝန်ထမ်းများအားလုံးကို အရေးပေါ်ထွက်ပေါက်များမှ ဘေးကင်းရာသို့ စနစ်တကျ ထွက်ခွာစေခြင်းနှင့် မီးသတ်အဖွဲ့ဝင်များမှ သရုပ်ပြမီးငြှိမ်းသတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလေ့ကျင့်မှုသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မီးဘေးအန္တရာယ်လုံခြုံစိတ်ချရမှု၊ အရေးပေါ် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုတို့ကို အစမ်းလေ့ကျင့်ခြင်းဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အသုံးပြုသူ ခရီးသည်များနှင့် လေဆိပ်အတွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဘေးကင်းလုံခြုံမှုအတွက် ယုံကြည်စိတ်ချရမှုတို့ကို စဉ်ဆက်မပြတ်သိရှိနားလည်နိုင်စေရန် ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
MDN


