ရန်ကုန် ၉ ဧပြီ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိပြီး ပြည်ပဆိုက်ရောက် / ထွက်ခွါနေရာများ၌ အကောက်ခွန်ဦးစီးဌာန ဝန်ထမ်းများ နေရာချထားမှုနှင့် တာဝန်ထမ်းဆောင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ပသို့ ထွက်ခွာမည့် ခရီးသည်များနှင့် ရောက်ရှိလာမည့် ခရီးသည်များ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် အလေးထား ဆောင်ရွက်သွားရန်နှင့် လုံခြုံရေးကိစ္စရပ်များတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားသည်။
(သတင်းစဉ်)


