ရန်ကုန် ၂၉  မတ်

ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ရန်ကုန်စာအုပ်လမ်း၏ စနေနေ့တွင် စာအုပ်ဆိုင်င်များ ပုံမှန်ရောင်းချသွားမည်ဖြစ်ပြီး၊ တနင်္ဂနွေနေ့တွင် စာပေဟောပြောပွဲနှင့် စာပေပဟေဠိ တို့ကို စီစဉ်ထားကြောင်း သိရသည်။

တနင်္ဂနွေနေ့ မွန်းလွဲ ၁ နာရီတွင် ဆရာမောင်ကြည်သစ်၏ "Novelist is Philosopher " ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲနှင့် မွန်းလွဲ ၃ နာရီတွင် ကံ့ကော် ဝတ်ရည် စာအုပ်တိုက်မှစီစဉ်သည့် အလှမယ်ဂုဏ်ရည်အေးကျော်မှ "မေးကြည့် ဖြေကြည့်စာအုပ်ပဟေဠိ" အစီအစဉ်တို့ကို ပြုလုပ်သွားမည်ဖြစ်၍ စာပေချစ်မြတ်နိုးသူအပေါင်း ပါဝင်နိုင်ကြောင်း မြန်မာနိုင်ငံ စာပေထုတ်ဝေသူများနှင့်ဖြန့်ချိသူများအသင်းမှ သိရသည်။

မတ်လကုန်မှစ၍ မိုးရာသီခေတ္တပိတ်မည်ဖြစ်ရာ ရန်ကုန်စာအုပ်လမ်း၏ ယခုနှစ် စာအုပ်ရောင်းရာသီ နောက်ဆုံးရက်သတ္တပတ်၏ အခွင့်အရေးများ လက်မလွတ်မိစေရန် စာပေချစ်သူများအား လာရောက်စေလိုကြောင်း စာအုပ်လမ်းမှ စာအုပ်ဆိုင်များမှ သိရသည်။

ဖိုးသန့်