ရန်ကုန် ၂ ဧပြီ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့တွင်း (၆)မြို့နယ်ရှိ ယာဉ်ရပ်နားကန့်သတ်ဇုန်များတွင် Smart Parking လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပြည်တွင်းကုမ္ပဏီ (သို့မဟုတ်) ပြည်တွင်း ပြည်ပဖက်စပ်ကုမ္ပဏီများအား အဆိုပြုလွှာများတင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားသည်။
Smart Parking ဆောင်ရွက်မည့်နေရာများမှာ ရန်ကုန်တိုင်းဒေသကြီး မြို့တွင်း (၆)မြို့နယ်ရှိ လမ်းများဖြစ်ပြီး EOI အဆိုပြုလွှာများကို ဧပြီ ၂ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)တွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်သည်။
အဆိုပါ အဆိုပြုလွှာ စာရွက်စာတမ်းများအပြည့်အစုံကို ဧပြီလ ၂၄ ရက် ညနေ ၄ နာရီတွင် နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ပြီး သိရှိလိုသော အချက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) ဖုန်း ဝ၉-၅၁၀၃၂၅၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
MDN


