ရန်ကုန် ၂၁ မတ်
ရန်ကုန်တောင်ပိုင်းခရိုင်၊ မြို့နယ် (၈) မြို့နယ်တွင် နွေစပါးဧက ခြောက်သောင်းကျော် လျာထားခဲ့ပြီး နွေစပါးများကို သတ်မှတ်လျာထားဧကထက် ကျော်လွန်သည်အထိ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်၊ တွံ့တေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ဒလမြို့နယ်များတွင် နွေစပါးဧက ၆၀၂၀၂ လျာထားခဲ့ရာ ယခုအချိန်အထိ စိုက်ပျိုးပြီး နွေစပါးဧက ၆၉၆၇၀ စိုက်ပျိုးပြီးစီးသည့်အတွက် သတ်မှတ်လျာထား ဧကထက်ကျော်လွန်စိုက်ပျိုးထားရှိကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


