ရန်ကုန် အောက်တိုဘာ ၆

 

မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (ဗဟို) ၏ ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေဝန်ဆောင်မှု အသင်း (YRESA) နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး (2025 AGM) ကို အောက်တိုဘာ ၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့လှိုင်မြို့နယ် ပြည်လမ်းရှိ LOTTE HOTEL ၌ ကျင်းပသည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးခင်မောင်သန်းက အမှာစကားပြောကြားကာ ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဒေါ်မြတ်မိုမိုက အသင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌများက ဆွေးနွေးပြောကြားပြီး အတွင်းရေးမှူးက အသင်းနှစ်ပတ်လည်အစီရင်ခံစာကို ရှင်းလင်းတင်ပြသည်။ ထို့နောက် အသင်းဘဏ္ဍာရေးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးရှင်းတမ်းကို ဖတ်ကြားတင်ပြပြီး မြို့နယ်များအား စွမ်းဆောင်ရည်ဆုများ ပေးအပ်ကြသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေဝန်ဆောင်မှုအသင်း (YRESA) နှင့် မြန်မာ့ခရီးသွားဘဏ် (MTB) တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ 

 

ကိုထက်