ရန်ကုန် ဇွန်  ၂၉

 

 

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၂) အစည်းအဝေးကို  ဇွန် ၂၉ ရက်  နံနက် ၁၀ နာရီတွင် ရန်ကင်းမြို့နယ် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ပြုလုပ်ရာ ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားခဲ့သည်။

 

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအနေဖြင့် စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသုံးခုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သုံးခုတို့ကို အတည်ပြုပေးခဲ့ပြီး CMP စနစ်ဖြင့် ဆံပင်တုအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ အမျိုးသမီးဝတ် အတွင်းခံအင်္ကျီ၊ အတွင်းခံဘောင်းဘီနှင့် ၎င်းတို့၏ ဆက်စပ်ပစ္စည်းအမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ ဖြစ်သည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ မြန်မာ ငွေကျပ် ၄၄၄၁ ဒသမ ၄၇၇ သန်းနှင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၅၉ သန်းဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ခြောက်ခုမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၃၃၇၃ နေရာ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ဆန်းကျော်ဦး(ပြန်/ဆက်)