ရန်ကုန် ၁၉  မတ် 


ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးနှင့် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတို့မှ တရားရေးအရာရှိများနှင့် တရားရုံးဝန်ထမ်းများ၏ မှုခင်းဆိုင်ရာ ခြေရာကောက်သင်တန်း (Case Tracking Database) နှင့် မှုခင်း စီမံခန့်ခွဲမှု အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

1


သင်တန်းဆင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေးက သင်တန်းဆင်း အမှာစကား ပြောကြားပြီး ထူးချွန်ဆုများနှင့် သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။


အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများ၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး၊ ရုံးအဖွဲ့မှူး၊ တရားရေးအရာရှိများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။ 


(သတင်းစဉ်)

 

1