တောင်ကြီး   စက်တင်ဘာ   ၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် ရောင်ခြည်ဦး ကျေးရွာရှိ စီမံကိန်းသီးနှံ(သက်တံ့ ရောင်စီမံကိန်း)  စိုက်ပျိုးလျက်ရှိသည့် ရောင်ခြည်ဦးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမ အသင်းလီမိတက်မှ  မိုးစပါး စိုက်ပျိုးထားရှိမှု အခြေအနေအား  ယနေ့နံနက်ပိုင်းတွင်   တာဝန် ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။ 

 အဆိုပါ အသင်းမှအသင်းသား  တောင်သူ ၃၁  ဦး  စိုက်ပျိုးထားရှိသည့် မိုးစပါးစိုက်ဧက ၃၂၁ ဒသမ ၅ဧကအတွက် အသင်းအချင်းချင်း ပံ့ပိုးချေးငွေဖြင့် သွင်းအားစု တန်ဖိုးငွေကျပ် ၆၄ ဒသမ ၃ သန်း  ထောက်ပံ့ပေးအပ်သည်။

ထိုသို့  ကွင်းဆင်းဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့်  တာဝန်ရှိသူများက အသင်းမှ လိုအပ်သည့် ငွေကြေးအရင်းအနှီးနှင့် သွင်းအားစုများ  ပြတ်လပ်မှု မရှိစေရေးအတွက် သက်ဆိုင်ရာမြို့နယ် သမဝါယမအသင်းစုနှင့် ချိတ်ဆက်  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

ဝိုးတောင်း