ရုပ်ရှင်ဇာတ်ကားကောင်းများ ရိုက်ကူးထုတ်လုပ်နိုင်ရန် ဆွေးနွေးပွဲ ကျင်းပမည်

ရန်ကုန်  ၂၁  စက်တင်ဘာ 

 

ရုပ်ရှင်ဇာတ်ကားကောင်းများ ရိုက်ကူးထုတ်လုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်း ဆိုင်ရာဆွေးနွေးပွဲ (Panel Discussion on Making Good Movie: Pre-Production) ကို စက်တင်ဘာလ ၂၃ ရက်၊ တနင်္ဂနွေနေ့၊ မွန်းလွဲ ၁နာရီတွင် ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်၊ အမှတ်(၅၀) ၊ ရွှေတောင်ကြားလမ်း ရုပ်ရှင်အနုပညာရပ်ဝန်း ရှိ “ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာ” (Film Development Centre) ၌ ကျင်းပမည်ဖြစ်သည်။ 

 

အဆိုပါ ဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးစင်တာစီမံခန့်ခွဲရေးအဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူး ထုတ်လုပ်ရာတွင် အတွေ့အကြုံများရရှိစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်းနှင့် စိတ်ပါဝင်စားသူများ တက် ရောက်လေ့လာနိုင်ကြောင်း သတင်းရရှိသည်။

 

 (သတင်းစဉ်)