ရုပ်ရှင်လောကထဲဝင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ ရှာရွတ်ခန်းရဲ့သမီး ဆူဟာနားခန်း

mdn

၁၀ သြဂုတ်

 

ဘောလိဝုဒ်စူပါစတားရှရွတ်ခန်းရဲ့ သမီးဖြစ် ဆူဟာနာခန်းသူဟာလည်း ချောမောလှပပြီး ချစ်စရာကောင်းနဲ့ မိန်းကလေးငယ်တစ် ဦးပါ။ သူဟာအနုပညာလောကကို ဖြေးဖြေးချင်းဝင်ရောက်ဖို့ကြိုးစားနေသူဖြစ်ပြီး သူ့နည်းသူ့ဟန်နဲ့ကြိုးစားနေသူလည်းဖြစ်တယ်။ ဆူဟာနာခန်းဟာ မကြာသေးခင်ကပဲ မဂ္ဂဇင်းမျက်နှာဖုံးအတွက် ဓာတ်ပုံရိုက်ကူးခဲ့ပြီး အဲဒီဓာတ်ပုံရိုက်ကွင်းမှာပဲ သူရဲ့ ဘောလိဝုဒ် ပွဲဦးထွက် ဇာတ်ကားအကြောင်းကို ပြောပြခဲ့ပါတယ်။ 

 

ဘောလိဝုဒ်ဒါရိုက်တာတွေဟာ သူတို့ရိုက်ကူးမယ့် ဇာတ်ကားတွေမှာ ဆူဟာနာကိုထည့်သွင်းဖို့အဆင်သင့်ဖြစ်နေကြပါပြီ။ ရှာရွတ်ခန်းနဲ့ရင်းနှီးသူလည်းဖြစ် ရုပ်ရှင်ထုတ်လုပ်သူလည်းဖြစ်တဲ့ ကာရန်ဂျိုဟာကလည်း ဆူဟာနာနဲ့ရုပ်ရှင်ရိုက်ကူးချင်ပါတယ်။ အခြားသောဒါရိုက်တာတွေဖြစ်ကြတဲ့ ဆန်းဂျေး လီလာ ဘန်ဆာလီ နဲ့ ဆူဂျွိုင်းဂို့ရှ်တို့ဟာလည်း ဆူဟာနားကိုသူတို့ရဲ့ရုပ်ရှင်မှာပါဝင်စေလိုပါတယ်။ ဒီတော့ဆူဟာနာ ဘောလိဝုဒ်မှာ ပထမဦးဆုံးပွဲဦးထွက်သရုပ်ဆောင်မယ့် ဇာတ်ကားရဲ့ ဒါရိုက်တာဟာ ဘယ်သူ ဖြစ်မလဲဆိုတာစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘောလိဝုဒ် စူပါစတားဖြစ်တဲ့ ရှရွတ်ခန်းရဲ့သမီးဖြစ်တဲ့အတွက် သူ့ဇာတ်ကားကိုပွဲဦးထွက် ရိုက်ပေးမယ့်ဒါရိုက်တာကလည်း သာမန်တော့မဖြစ်နိုင်ပါဘူး။ ပရိတ်သတ်တွေအားလုံးကတော့ဆူဟားနား ရဲ့ပွဲဦးထွက်ဇာတ်ကားဟာဘာဖြစ်မလဲလို့ သိချင်နေကြပါတယ်။ 

 

အီးတိုင်းမ်စ် 
ခြူး