ရုပ်ရှင်သရုပ်ဆောင် ရဝမ်တိုင်းရင်းသူ ဆာရာဆောင်းဦးနှင့်တွေ့ဆုံခြင်း

ရန်ကုန် ၂၂ စက်တင်ဘာ

 

မေး- တိုင်းရင်းသူလေးဖြစ်တဲ့အတွက် ကိုယ့်ဒေသအကြောင်လေး မိတ်ဆက်ပေးပါလား။

 

ဖြေ- သမီးက ကချင်ပြည်နယ် ပူတာအိုက ကချင်တိုင်းရင်းသူ ရဝမ် လူမျိုးစု ထဲကပါ။ နာမည်က "ဆာရာဆောင်းဦး"လို့ ခေါ်ပါတယ်ရှင်၊ ပူတာအိုဟာ အတော်ငြိမ်းချမ်းတဲ့ နယ်မြေပါ၊ ယနေ့ ခေတ်ကာလအပြောင်းအလဲတွေကြောင့် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေလဲရှိတာကို မြင်ကြရမှာပေါ့နော်၊ ဒါပေမဲ့ ဒေသရှိရင်းစွဲက ရိုးသားဖြူစင်မှုရှိပြီးသားမို့ စကားသံဝဲတဲ့ အပေါ်မှာ ထူးဆန်းနေလို့ဖြစ်မယ်။ အနုပညာလောက ဆရာသမားတွေအားလုံး ချစ်ချစ်ခင်ခင်နဲ့ ဆက်ကြိုးစားသွားဖို့လည်း တိုက်တွန်း ကူညီအားပေးကြပါတယ်။

 

မေး- အနုပညာလောကထဲ အစကနဦး ဝင်ရောက်အခြေချခဲ့ပုံလေးပြောပေးပါဦး။

 

ဖြေ  - အနုပညာအစ "စကားဝါပရဟိတ" သင်တန်းကျောင်းကလို့ ဆိုရမှာပါ။ အဲဒီမှာလေ့လာသင်ကြားတယ်။  MTV ရိုက်တယ် တိုင်းရင်းသူဖြစ်တဲ့အတွက်  သီချင်းဆိုတာ  MTV ရိုက်တာ  မစိမ်းဘူးပေါ့။ ရုပ်ရှင်ရိုက်တော့လည်း အတွေ့အကြုံအရ အများကြီးအကျိုးပြုပါတယ်။ သီချင်းဆိုခြင်းက ငယ်ငယ်ထဲက ဝါသနာပါ၊ နယ်ကသီးချင်းဆိုပြိုင်ပွဲတွေ မလွတ်စေရဘူး၊ MTV ရိုက်တာ ရန်ကုန်ရောက်မှပါ။

 

မေး- သီချင်းဆို ဗွီဒီယို ရိုက်တာ နဲ့ ပတ်သက်ပြီး ပြောပေးပါအုံး။

 

ဖြေ- အခွေတွေမှာ တိုင်းရင်းသား သီချင်းသီဆိုမှုတွေများပါတယ်။  မြန်မာသံအခွေ အတွဲနဲ့သီဆိုမှုအခွေတွေလည်း ထွက်ထားတယ်။ ကိုနီတာ ဆိုတဲ့ "အချစ်အိမ်"အတွဲအခွေမှာပါဘူးတယ်။  တစ်ယောက်ထဲတစ်ပုဒ် ကိုနီတာတွဲဆိုထားတာလည်းပါတယ်။  ဗွီဒီယိုဇာတ်ကားသုံးကားလုံး သမီးက အပြိုင်နေရာမှာ ရိုက်ထားရတာ၊ အကယ်ဒမီ ကိုခန့်စည်သူ က ခေါင်းဆောင်ဆိုတော့ လက်တွဲခေါ်ပါတယ်။

 

မေး- ရုပ်ရှင်ရိုက်နေတဲ့အစ ဖြတ်သန်းမှုလေးလည်း ပြောပေးပါ။

 

ဖြေ - ပထမဦးဆုံး Lucky  Seven က ထုတ်လုပ်ရိုက်ကူးတဲ့ "ဟီးရိုး"ရုပ်ရှင်ဇာတ်ကားကြီးပါပဲ  သရုပ်ဆောင် ကိုမြင့်မြတ် နဲ့ မဝတ်မှုံရွှေရည် တို့ပါတယ်။ ဇာတ်ပို့ဇာတ်ရံတွေလဲများပါတယ်။ မလေးရှားနိုင်ငံ က ဒါရိုက်တာတွေ ရိုက်တာပါ အဲဒီဇာတ်ကားမှာ ကိုမြင့်မြတ် ရဲ့ညီမအဖြစ် သရုပ်ဆောင်ရတာပါ။ ၂၀၁၈ ခုနှစ် ၅ လပိုင်း က ရိုက်တယ်။ ဒါ ပထမ ဦးဆုံးပါပဲ၊  ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်နေရပါတယ်။ အားမာန် ရုပ်ရှင်ထုတ်လုပ်ရေးက ဒါရိုက်တာ "စတီး" ရိုက်တဲ့ "နိုင်ငံကြီးသား" ဇာတ်ကား၊ ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေး က Old  Gangster ဇာတ်ကား၊ Lucky  Seven က ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးသုံးကားလုံး မှာပါတယ်။  အားလုံးဇာတ်ကားကြီးပေါင်း ၅ ကား သရုပ်ထားတယ်။  သမီးသရုပ်ဆောင်တဲ့ ဇာတ်ကားကြီးတွေရုံမတင်ရသေးပါဘူး။ ထုတ်လုပ်ရေး ဒါရိုက်တာတွေရဲ့ စေတနာပေါ့ ရုပ်ရှင်ပရိသတ်တွေ မသိသေးတဲ့ မမြင်ဘူးသေးတဲ့ ရုပ်ရှင်သရုပ်ဆောင်အသစ်တစ်ယောက်ကို တွဲခေါ်ပေးချင်တဲ့ သဘောလို့ မြင်ပါတယ်။ သမီးလည်း စွမ်းအားရှိသ၍ ကြိုးစားသွားပါမယ်လို့ အားပေးကြပါ။

 

မျိုးမင်းသိန်း(မရမ်းကုန်း)
ဓာတ်ပုံ- မျိုးကြီး