ရုရှားအကောင့်တွေနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေ တွစ်တာ လွှဲပြောင်းပေး

မော်စကို ၁၄ အောက်တိုဘာ  


အခုလို လွှဲပြောင်းပေးလိုက်တာဟာ ရုရှား စုံစမ်းစစ်ဆေးမှုအတွက် အကူအညီဖြစ်စေရေးအတွက် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်တယ်လို့ အမေရိကန် မီဒီယာက သောကြာနေ့က ပြောခဲ့ပါတယ်။ ကုမ္ပဏီရဲ့ တရားဝင် သိုသိပ်ခွင့် ပြဿနာအရ အရင်က အဲဒီအချက်အလက်တွေကို မတင်ပြဘဲ ထားခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

လွှတ်တော်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးတွေမှာ နည်းပညာ ကုမ္ပဏီကြီးက ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှု မရှိဘူးဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ အခုလိုမျိုး အပြောင်းအလဲ ဖြစ်ခဲ့ရတာပါ။၂၀၁၆ ရွေးကောက်ပွဲအတွင်း မော်စကိုရဲ့ သံသယဖြစ်ဖွယ် ကိုယ်ကျိုးရှာမှု ရှိ၊မရှိ စုံစမ်းစစ်ဆေးသူတွေအတွက် အသုံးဝင်တဲ့ သုံးစွဲသူရဲ့အချက်အလက်တွေနဲ့ တွိစ်တွေကို တွစ်တာက ဖျက်ပစ်ခဲ့တယ်လို့ ဝေဖန်ခံနေရပါတယ်။ ဒါပေမယ့်လည်း အဲဒီဝေဖန်မှု ထုတ်ပြန်ချက်အပေါ်ကို အတည်ပြုချက် တစ်စုံတစ်ရာ ပေးခြင်းမရှိသလို ငြင်းပယ်ခြင်းလည်း မရှိပါဘူး။


နိုဝင်ဘာလ ၁ ရက်နေ့မှာ ပြည်သူလူထု ကြားနာမှုအတွက် တွစ်တာ၊ ဖေ့စ်ဘုတ်နဲ့ ဂူဂဲလ်တိို့ကို အထက်လွှတ်တော်က ဖိတ်ကြားထားတယ်လို့လည်း သိရပါတယ်။


(ဆင်ဟွာ)
ဘာသာပြန်-မသက်မွန်(MDN)