ရုရှားအတွက် ဘယ်တုန်းကမှ အလုပ်မလုပ်ခဲ့ကြောင်း ထရမ့်ငြင်းဆို

ဝါရှင်တန် ၁၅  ဇန်နဝါရီ

အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေး ရေးဗျူရို (အက်ဖ်ဘီအိုင်) က အမေရိ ကန်သမ္မတအား ရုရှားနိုင်ငံအတွက် အလုပ်လုပ်ခဲ့ခြင်း ရှိ မရှိ တန်ပြန်ထောက် လှမ်းစုံစမ်းမှုပြုလုပ်ရန် အမှုဖွင့်ခဲ့ခြင်း အပေါ် သမ္မတထရမ့်က “ရုရှားအတွက် ဘယ်တုန်းကမှ အလုပ်မလုပ်ခဲ့ဘူး” ဟု မကြာသေးမီက တိုက်ရိုက်တုံ့ပြန်ပြော ကြားလိုက်ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နယူးအော်လင်းသို့ မထွက်ခွာမီ သတင်းသမားများနှင့် တွေ့ဆုံစဉ် “ရုရှား နိုင်ငံအတွက် ဘယ်တုန်းကမှ အလုပ် မလုပ်ခဲ့ဖူးသလို အဲဒီမေးခွန်း ထုတ်နေတာက အရှက်ခွဲမှုတစ်ခုလို့ ကျွန်တော် ထင်တယ်။ ဒါဟာ တကယ့်ကို မကောင်းတဲ့ ကိစ္စပ”  ဟု ပြောခဲ့သည်။

အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူးချုပ် ဂျိမ်းကိုမေးအား ရာထူးမှ ထုတ်ပယ်ခဲ့ပြီး နောက် ထရမ့်၏လုပ်ရပ်မှာ တရားဥပဒေ ချိုးဖောက်မှု ရှိ မရှိ အက်ဖ်ဘီအိုင်က ဇန်နဝါရီ ၁၁ ရက်တွင် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။ အဆိုပါ သတင်းဖော်ပြချက်မှာ အဆိုးရွားဆုံးစော်ကားမှု” ဟု ထရမ့်က ပြစ်တင်ပြောကြားလိုက်သည်။

ထို့အပြင် သမ္မတ ထရမ့်က ၂၀၁၇ ခုနှစ်တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ပြုလုပ်သော ဆွေးနွေးပွဲနှင့် ပတ်သက်သည့် မှတ်စုများကို ၎င်း၏ စကားပြန်ထံမှ ပြန်လည်ရယူခဲ့ကြောင်း နှင့် အခြားအမေရိကန်အရာရှိများနှင့် အသေးစိတ်ဆွေးနွေးခြင်းမပြုရန် အမိန့် ပေးခဲ့ကြောင်းဆိုသည့် ဝါရှင်တန်ပို့စ် သတင်းစာ၏ အရေးအသားမှာလည်း အခြေအမြစ်မရှိသော သတင်းသာဖြစ်ကြောင်း ထရမ့်က ပြောကြားလိုက်သည်။ အမေရိကန်သမ္မတ ထရမ့်က ရုရှားနှင့် လျှို့ဝှက်လုပ်ကိုင်ဆောင်ရွက်မှု မရှိခဲ့ကြောင်း ထပ်တလဲလဲ ငြင်းဆိုခဲ့သည်။

ထို့အတူ ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ကြားဝင် နှောင့်ယှက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်အပေါ် ရုရှားကလည်း အကြိမ်ကြိမ် ငြင်းဆိုခဲ့ကြောင်း သိရသည်။

ဆင်ဟွာ