ရုရှားနိုင်ငံ အင်နိုပိုလစ်မြို့တော်တွင် SIBUR Cybathletics ပြိုင်ပွဲများ ကျင်းပ

ရုရှားနိုင်ငံအင်နိုပိုလစ်မြို့တော်တွင် ဖေဖော်ဝါရီ ၂၃ ရက်က ကျင်းပခဲ့သည့်   SIBUR Cybathletics ပြိုင်ပွဲတွင် ဗီယက်နမ်၊ အီဂျစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ မလေးရှား၊ နိုင်ဂျီးရီးယား၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ နှင့် တောင်အာဖရိကစသည့် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ အသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲဝင်အသင်းအသီးသီးတွင် ခေတ်မီနည်းပညာပိုင်းဆိုင်ရာ ပြန်လည်မြှင့်တင်ရေး နည်းလမ်းများကို အသုံးပြု၍ ယှဉ်ပြိုင်မည့်သူလေးဦးပါဝင်သည်။ Russian Cyborgs (ရုရှား)၊ Falcon Verts (ဆော်ဒီအာရေဗျ)၊ Water Buffalos (ဗီယက်နမ်) နဲ့ Pharaohs (အီဂျစ်) အသင်းတို့သည် ဆီမီးဖိုင်နယ်၊ တတိယနေရာလုပွဲနှင့် ဖိုင်နယ်ပွဲစဉ်များတွင် ၎င်းတို့အသင်းအချင်းချင်း အတွဲလိုက် ယှဉ်ပြိုင်ကြသည်။

ဆီမီးဖိုင်နယ်

ရုရှား Cyborgs နှင့် Pharaohs - ၆၀:၃၅

Falcon Verts နှင့် Water Buffalos – ၄၀:၃၅

တတိယနေရာလုပွဲ

Pharaohs နှင့် Water Buffalos - ၄၅:၄၀

ဖိုင်နယ်ပွဲ

ရုရှား Cyborgs နှင့် Falcon Verts – ၆၀:၄၅

ကိုးကား- en.gofuture.games

ဘာသာပြန်-မြင့်မြင့်ချို