၁၇ နိုဝင်ဘာ

ရုရှားနိူင်ငံသူ အယ်ဗီယာ ကော့တင်ဟာ လွန်ခဲ့တဲ့လေးနှစ်ကတည်းက သူမရဲ့ မီးဖိုခန်းမှာ အိုးတစ်လုံးကို သုံးပြီး ပထမဦးဆုံး ချိစ်ကို လုပ်ဆောင်ခဲ့ပါတယ်။ ကော့တင်ဟာ ကိုယ့်ဘာသာ ချိစ်လုပ်နည်းကိုလေ့လာသူ အိမ်ရှင်မတစ်ဦးဖြစ်ပြီး ချိစ်လုပ်တာကို စိတ်ဝင်စားလွန်းတဲ့အတွက် စီးပွားဖြစ်လုပ်ဆောင်ဖို့ သူမခင်ပွန်း တိုင်ပင်ပြီး ပြုလုပ်လာသူဖြစ်ပါတယ်။ 

 

4805

 

ပြီးခဲ့တဲ့လက ကမ္ဘာ့ချိစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ကို ကော့တင် ရရှိခဲ့ပါတယ်။ အဲဒီဆုဟာ ရုပ်ရှင်မှာဆို အော်စကာဆုနဲ့ ညီမျှကြောင်း သိရပါတယ်။ 

 

b83

 

၂၀၁၄ ခုနှစ်က ယူကရိန်းကိစ္စမှာ အနောက်နိုင်ငံရဲ့ ဝေဖန်မုှနဲ့ ပိတ်ဆို့မှုတွေ ခံပြီးနောက် ရုရှားသမ္မတကလည်း အပြန်အလှန်အနေနဲ့ အနောက်နိုင်ငံက အစားအစာ တင်ပို့မှုကို ပိတ်ပင်လိုက်ပါတယ်။ ရုရှားအများစုက အီတလီနဲ့ ပြင်သစ် ချိစ်တွေ အရသာကို မူတည်ပြီး ပြောင်းလဲသွားတဲ့ အရသာတွေကိုသာ ထုတ်လုပ်ကြပါတယ်။ 

 

63

 

ဒေသတွင်းက အသေးစားစွန့်ဦးလုပ်ငန်းရှင်တွေက တင်ပို့ကုန်တွေနေရာမှာ အစားထိုးဖို့ လုပ်ငန်းတွေ လုပ်ဆောင်ကြပါတယ်။ အဲဒီလိုလုပ်ဆောင်ရာမှ စားသုံးသူတွေက ရုရှားပြည်တွင်းဖြစ်ကို ဈေးကြီးပေးရပြီး အရည်အသွေးက မမှီဘူးလို့ ဝေဖန်မှုကို ခံခဲ့ကြပါတယ်။ အခုလို ရုရှားချိစ်က နိုင်ငံတကာဆုရရှိတဲ့တာဟာ သူတို့ရဲ့ အိမ်တွင်းမှုလုပ်ငန်းတွေအတွက်  ရောင်နီသန်းလာပြီဖြစ်ပါတယ်။ 

ဒီနှစ်ချိစ်ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၄၂ နိုင်ငံက ချိစ်ပေါင်း ၃၈၀၀ ပြိုင်ပွဲဝင်ရာ ကော့တင်ရဲ့ ချိတ်အပါအဝင် ချိစ်လုပ်သူ တခြား ရုရှား သုံးဦးတို့က ဆုတံဆိပ် ကိုးခုကို ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၁၈ ခုနှစ် ကမ္ဘာ့ချိစ်ပြိုင်ပွဲမှာ ရုရှားနိုင်ငံ မပါဝင်ခဲ့ပါဘူး။ 


MDN
ကိုးကား - AFP