မော်စကို ဩဂုတ် ၂

 

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အသံထက်မြန်သည့် Zircon အမည်ရှိ ခရုဇ်ဒုံးကျည်များကို လာမည့်လများအတွင်း ရုရှားရေတပ်ဖရီးဂိတ်သင်္ဘောပေါ်တွင် ဖြန့်ကြက်ချထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ကြေညာခဲ့ခြင်းဖြစ်

 

အဆိုပါ အသံထက်မြန်သော ဒုံးကျည်များ ဖြန့်ကြက်ချထား မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ဩဂုတ် ၁ ရက်တွင် စိန့်ပီတာ စဘတ်မြို့၌ ကျင်းပသည့် ရုရှားနိုင်ငံ၏ ရေတပ်နေ့အထိမ်းအမှတ် အခမ်းအနားတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြေညာ ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ရုရှားနိုင်ငံ၏ ရေတပ်နေ့အခမ်းအနားတွင် စစ်မှုထမ်း ၃၅၀၀ ခန့်၊ Kalibr ခရုဇ်ဒုံးကျည်များ၊ ရေငုပ်သင်္ဘော များ၊ လေယာဉ် ၄၂ စင်းအပါအဝင် စစ်သင်္ဘောအစင်း ၄၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

 

ရုရှားနိုင်ငံ၌ ရေတပ်အင်အား၏ အရေးပါမှုနှင့် စပ်လျဉ်း၍ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်မှုကို ထိပါးလာပါက ချက်ချင်းတုံ့ပြန် တိုက်ခိုက်နိုင်သည့် အင်အားရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အလေးထားပြောကြားခဲ့သည်။

 

မပျက်မကွက် ထမ်းဆောင်နိုင်

 

ထို့ပြင် ရုရှားနိုင်ငံရေတပ်သည် ကမ္ဘာတစ်ဝန်းရှိ မည်သည့် သမုဒ္ဒရာပိုင်းဆိုင်ရာ၌မဆို မဟာဗျူဟာမြောက် လုပ်ငန်း ဆောင်တာများကို မပျက်မကွက် ထမ်းဆောင်နိုင်ကြောင်းလည်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဆက်လက် ပြောကြားသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အလင်းသစ်