ရုရှားနိုင်ငံ၌ကျင်းပသော Mobile Legends Bangs Bangs (MLBB) ပြိုင်ပွဲတွင် မြန်မာအသင်းယှဉ်ပြိုင်

ဖေဖော်ဝါရီ ၂၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ကျင်းပလျက်ရှိသော အားကစားပြိုင်ပွဲများအနက် Mobile Legends Bangs Bangs (MLBB) ပြိုင်ပွဲ အုပ်စုအဆင့် ပထမဆုံးပွဲစဉ်တွင် ရုရှားနိုင်ငံကိုယ်စားပြု Deus Vault အသင်းနှင့် မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်းတို့ ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းက ယှဉ်ပြိုင်ခဲ့ရာ ရုရှား Deus Vault အသင်းကို မြန်မာအသင်းက နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ဖေဖော်ဝါရီ ၂၇ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်းနှင့် မွန်ဂိုလီးယားနိုင်ငံကိုယ်စားပြု  Team Lilgun အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

မြင့်မြင့်ချို