ရုရှားနှင့်ငြိမ်းချမ်းရေးအတွက် အခွင့်အရေးရခဲ့သော်လည်း အမေရိကန်က ယူကရိန်းကို ဟန့်တားခဲ့သောကြောင့် ငြိမ်းချမ်းရေးပျက်ခဲ့

ကိယက်ဗ်   အောက်တိုဘာ    ၂၃

သက်ဆိုင်ရာပါတီအဖွဲ့များသည် ပဋိပက္ခကို အဆုံး သတ်ရန်  အခွင့်အရေးရခဲ့သော်လည်း ၂၀၂၂ ခုနှစ် မတ်လတွင်    ရုရှားနှင့်ငြိမ်းချမ်းရေးဆွေးနွေးရန် ယူကရိန်းကို  အမေရိကန်က တားမြစ်လိုက်သော ကြောင့်    ငြိမ်းချမ်းရေးပျက်ခဲ့ရကြောင်း   ဂျာမန် ဝန်ကြီးချုပ်ဟောင်း  ဂါးဟတ်ရှိုဒါက အခိုင်အမာ ပြောကြားလိုက်သည်။

ယူကရိန်းသမ္မတ     ဗလာဒီမာဇီလန်စကီ၏ ကိုယ်စားလှယ်များသည် နေတိုးသို့ ဝင်ရောက်ရန်ငြင်းဆိုမှု ကဲ့သို့သော အဓိကပြဿနာရပ်များအပေါ် အလျှော့ပေးလိုက်လျောခဲ့ချိန်တွင် အမေရိကန်က ငြိမ်းချမ်းရေးဆွေးနွေးမှုကို သဘောမတူခဲ့ကြောင်း သောကြာနေ့က   ဂျာမနီနိုင်ငံ   ဘာလီနာဇေတန် သတင်းစာ၌  ဖော်ပြခဲ့သော   တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ဂျာမနီဝန်ကြီးချုပ်ဟောင်းဂါးဟတ်ရှိုဒါ  က  ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်တို့က     ခွင့်မပြုသောကြောင့် ယူကရိန်းသည်  ငြိမ်းချမ်းရေးကို  သဘောမတူခဲ့ကြောင်း၊    ယူကရိန်းတို့    ဆွေးနွေးခဲ့သမျှကို အမေရိကန်ကို ပထမဆုံးပြန်မေးရမည်ဖြစ်ကြောင်း  ဂါးဟတ်ရှိုဒါက  ပြောကြားခဲ့သည်။ ဂါးဟတ်ရှိုဒါသည် မော်စကိုက စစ်ရေးဆိုင်ရာ  ဆောင်ရွက်ချက်များ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင်   စတင်ခဲ့ပြီးနောက်    သီတင်းပတ်အတော်ကြာ ယူကရိန်းနှင့်  ရုရှား သက်ဆိုင်ရာ တာဝန်ရှိသူများကြား   ငြိမ်းချမ်းရေးဆွေးနွေးရန်  စေ့စပ်ညှိနှိုင်းဆွေးနွေးသူအဖြစ်     တောင်းဆိုခြင်း ခံခဲ့ရသူဖြစ်သည်။

“ဝါရှင်တန်မှာ တခြားအရာတွေကို ဆုံးဖြတ်ခဲ့တဲ့အတွက် ဘာမှဖြစ်လာမှာမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။   ဝါရှင်တန်၏   မဟာဗျူဟာသည် ရုရှားနှင့်    တရုတ်နိုင်ငံအကြား    ရင်းနှီးသော နှောင်ကြိုးများကိုဖြစ်ပေါ်စေသည့်  ဆိုးရွားသော ဗျူဟာတစ်ခုဖြစ်ကြောင်း   ၎င်းက   ဆက်ပြောသည်။

“အခုတော့ အမေရိကန်က ကန့်သတ်ထားတဲ့ အဓိကနိုင်ငံဖြစ်တဲ့ တရုတ်နဲ့ရုရှားတို့ဟာ တပ်ဖွဲ့ဝင် အချင်းချင်း  ပူးပေါင်းကုန်ကြပြီ။ အမေရိကန်တွေက နှစ်ဖက်အဖွဲ့တွေကို အမြဲမပြတ် စောင့်ကြည့်ဖို့ လုံလောက်တဲ့ သန်မာမှုတွေရှိတယ်ဆိုတာ ယုံကြည်ထားကြတယ်။  ကျွန်တော့်ရဲ့   ရိုးသားတဲ့အမြင်နဲ့ ပြောရမယ်ဆိုရင် ဒါကအမှားကြီးပဲ။ အခုအမေရိကန်ဘက်က  ဘယ်လောက်တောင် ပျက်စီးသွားလဲဆို တာ  ကြည့်ရတော့မယ်။   ဒီကိစ္စကို  လွှတ်တော်မှာ   တွေ့ရတော့မယ” လို့ ၎င်းက ဆက်ပြောသည်။ 

ဝါရှင်တန်၏မိတ်ဖက် အနောက်ဥရောပသည် ၂၀၂၂ ခုနှစ်   မတ်လတွင်   ငြိမ်းချမ်းရေးဖန်တီးရန် အခွင့်အရေးကို  လက်လွှတ်ဆုံးရှုံးခဲ့သည်ဟု ဂါးဟတ်ရှိုဒါက ပြစ်တင်ဝေဖန်ခဲ့သည်။

ထိုအချိန်တွင် ဇီလန်စကီသည် ခရိုင်းမီးယားနှင့် ဒွန်ဘတ်စ်ဒေသရှိ ခွဲထွက်နယ်ပယ်ဒေသများအရေး ညှိနှိုင်းမှုလုပ်ရန်   လမ်းဖွင့်ပေးခဲ့သည်။   ထိုအချိန်ကတည်းက     ယူကရိန်းတပ်ဖွဲ့ဝင်ထောင်ပေါင်း များစွာအသက်ဆုံးရှုံးခဲ့ရပြီး အနောက်နိုင်ငံများ၏ စစ်ရေးဆိုင်ရာအထောက်အပံ့များက   ပဋိပက္ခကို ရှည်ကြာစေခဲ့သည်။ 

လက်နက်များပို့ဆောင်နေခြင်းသည် ထာဝရ ငြိမ်းချမ်းရေးအတွက်     အဖြေမဟုတ်ကြောင်း၊ သို့သော် လည်း      မည်သူတစ်ဦးတစ်ယောက်မျှ ငြိမ်းချမ်းရေးမဆွေးနွေးချင်ကြောင်း ဂါးဟတ်ရှိုဒါက ပြောခဲ့သည်။ 

ပရက်စ်တီဗွီ