သာစည်  ၁  ဧပြီ 

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီး ကော်မတီတို့ ပူးပေါင်း၍  တစ်လကြာ  အခမဲ့ဖွင့်လှစ်ခဲ့သော  ကာတွန်း၊ ပန်းချီရေးဆွဲလေ့ကျင့်ရေးသင်တန်းနှင့် Grammar  သင်တန်းများဆင်းပွဲကို  ယနေ့နံနက် ၁၀ နာရီက  အဆိုပါဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးရဲဆုပိုင်က  အမှာစကား ပြောကြားပြီး  ခရိုင်အမျိုးသမီးကော်မတီဝင် ဒေါ်ကြည်မာဆင့်က  အမျိုးသမီးကော်မတီအနေဖြင့် ယခုလို နွေရာသီ ကျောင်းပိတ်ရက်ကာလမှာ ကလေးငယ်များအတွက် အကျိုးရှိသည့်သင်တန်းများ ဖွင့်လှစ် ပေးနိုင်သည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် သင်တန်းမှရရှိသော အကျိုးကျေးဇူးများ၊ အမျိုးသမီးကော်မတီ၏  ရည်ရွယ်ချက်များနှင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သင်တန်းသားများက သရုပ်ပြဖျော်ဖြေပြီး ဆုရရှိသောသင်တန်းသားများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် မြို့နယ်အမျိုးသမီးကော်မတီဝင်များက သင်တန်းဆရာများအား ဂုဏ်ပြုလွှာပေးပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။
    
အဆိုပါသင်တန်းဆင်းပွဲသို့ ဌာနဆိုင်ရာများ၊  ခရိုင်နှင့်မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ မြို့နယ်ရင်ခွင်မဲ့ ကလေးလျော့ကျရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဥက္ကဌနှင့် အဖွဲ့ဝင်များ၊ စာရေးဆရာများ၊ သင်တန်းသား မိဘများနှင့် သင်တန်းသားများ တက်ရောက်ကြကြောင်း သိရသည်။                      

ထွန်းထွန်း(သာစည်)