၁။ မဟာသင်္ကြန်ကျရက်

 

- ဇေယတု-မြန်မာသက္ကရာဇ်-၁၃၈၀ ပြည့်နှစ်၊ နှောင်းတန်ခူးလဆန်း (၁၀) ရက်

 

- ရခိုင်သက္ကရာဇ်-၁၃၈၀ ပြည့်နှစ် တာကူးလဆန်း (၁၀) ရက်

 

- ခရစ်နှစ် ၂၀၁၉၊ ဧပြီလ (၁၄) ရက် တနင်္ဂနွေနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် စံတော်ချိန် ညနေစက် ၅- နာရီ၊ ၂၁ -မိနစ်၊ ၄၂ - စက္ကန့်အချိန်တွင် မဟာသင်္ကြန်ကျပါသည်။

 

၂။ မဟာသင်္ကြန် အကြတ်ရက်

 

- မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ နှောင်းတန်ခူးလဆန်း (၁၁) ရက်

 

- ရခိုင်သက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ တာကူးလဆန်း (၁၁) ရက်

 

- ခရစ်နှစ် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၅) ရက် တနင်္လာနေ့သည် မဟာသင်္ကြန် အကြတ်ရက်ဖြစ်ပါသည်။

 

၃။ မဟာသင်္ကြန် အတက်ရက်

 

- မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ နှောင်းတန်ခူးလဆန်း (၁၂) ရက်

 

- ရခိုင်သက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ တာကူးလဆန်း (၁၂) ရက်

 

- ခရစ်နှစ် ၂၀၁၉၊ ဧပြီလ (၁၆) ရက် အင်္ဂါနေ့ မြန်မာစံတော်ချိန် ညစက် ၉ -နာရီ၊ ၂၆- မိနစ်၊ ၂၃- စက္ကန့်အချိန်တွင် မဟာသင်္ကြန်တက်ပါသည်။

 

၄။ မြန်မာ-ရခိုင်-နှစ်ဆန်း ၁ ရက်

 

- မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ဦးတန်ခူးလဆန်း (၁၃) ရက်

 

- ရခိုင်သက္ကရာဇ် ၁၃၈၁ ခုနှစ်၊ တာကူးလဆန်း (၁၃) ရက်

 

- ခရစ်နှစ် ၂၀၁၉၊ ဧပြီလ (၁၇) ရက် ဗုဒ္ဓဟူးနေ့သည် မြန်မာ-ရခိုင် နှစ်ဆန်း (၁) ရက်နေ့ဖြစ်ပါသည်။

 

၅။ ရဟန်းတော်များအတွက် ဝါဆို-ဝါကပ်-လ-ရက်များ

 

၁၃၈၁ ခုနှစ်သည် လထပ်ရက်ငင်မရှိသော ရိုးရိုးနှစ်ဖြစ်ပါ၍ သာသနာတော်နှစ်၂၅၆၃ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် ဝါဆိုလပြည့်ကျော် (၁) ရက်၊ ရခိုင်သက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁) ရက်၊ ခရစ်နှစ် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက် ဗုဒ္ဓဟူးနေ့တွင် ဗုဒ္ဓဘာသာသာသနာတော် ဝန်ထမ်းရဟန်းတော် အရှင်မြတ်တို့သည် ပထမပုရိမဝါကို ကပ်ဆိုတော်မူကြရမည်ဖြစ်ပြီး

 

မြန်မာ-ရခိုင် ၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁) ရက်၊ ခရစ်နှစ် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက် သောကြာနေ့တွင် ဒုတိယပစ္ဆိမဝါကို ကပ်ဆိုတော်မူကြရမည် ဖြစ်ပါသည်။

 

22