ခြူးစန္ဒီနွေး - ရေးသားသည်
ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ် ၂ နဲ့ အိဒင်ဘာ့မြို့စားကြီးတို့ရဲ့ (၇၂)နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့မှာတော့ နှစ်ဦးသား ပျော်ပျော်ရွှင်ရွှင်ရှိနေသင့်ပါတယ်။ ဒါပေမယ့်လည်း ထင်သလောက်တော့ မပျော်နိုင်ပါဘူး။
တာဝန်တွေရုပ်သိမ်း
အသက် ၉၂ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မကြီးဟာ နိုဝင်ဘာ ၂၀ ရက်မှာတော့ သူ့ရဲ့ ဒုတိယ မြောက်သားဖြစ်သူကိုတော်တာဝန်ဝတ္တရားတွေ ထမ်းဆောင်နေတာကနေ ပြန်လည် ရုပ်သိမ်းလိုက်ပါပြီ။ မင်းသားအန်ဒရူးရဲ့ အင်တာဗျူးကို ဖော်ပြမှုအပြီးမှာတော့ တော်ဝင်လုပ်ငန်းတွေမှာ ပါဝင်တာကနေ ရုပ်သိမ်းဖို့ ဘုရင်မကြီး ဆုံးဖြတ်လိုက်တာပါ။ လိင်ကုန်ကူးမှုအတွက် အမှုရင်ဆိုင်နေရတဲ့ အမေရိကန်သူဌေးကြီးဂျက်ဖရီ အက်ပ်စတိန်း နဲ့ မင်းသားအန်ဒရူးတို့ဟာ ခင်မင်ရင်းနှီးခဲ့ကြ ဖူးပါတယ်။ ဂျက်ဖရီဟာ မင်းသားအန်ဒရူး အတွက် အသက်မပြည့်သေးတဲ့ မိန်းကလေး ရှာပေးဖူးတယ်လို့လည်း စွပ်စွဲခံထားရပါ တယ်။ သူတို့ရဲ့ ခင်မင်မှုအကြောင်း အင်တာ ဗျူးမေးမြန်းတာကို ဖြေဆိုပြီးတဲ့နောက်မှာတော့ ဘုရင်မကြီးရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ် လာခဲ့ပါတယ်။ ဂျက်ဖရီလိုလူမျိုးနဲ့ ခင်မင်မှု အပေါ် မင်းသားအန်ဒရူးဟာ နောင်တရတဲ့ပုံ မပေါက်ဘူးလို့ စွပ်စွဲမှုတွေကိုလည်း ခံနေရပါတယ်။
သဲသဲမဲမဲထိုးနှက်
နောက်ပြီး ဂျက်ဖရီရဲ့ သားကောင်ဖြစ်ခဲ့ရ သူတွေအပေါ်မှာလည်း စာနာမှုကင်းမဲ့တယ် ဆိုပြီး စွပ်စွဲကြပြန်ပါတယ်။ ဗြိတိန်မီဒီယာတွေ ရဲ့ ထိုးနှက်မှုကလည်း သဲကြီးမဲကြီးပါပဲ။ ဒီလို အခြေအနေမျိုးဟာ ဘာကင်ဟမ်နန်းတော် အတွက်တော့ သည်းမခံနိုင်တော့တဲ့ အခြေ အနေမျိုး ရောက်လာခဲ့ပါတယ်။ ယော့ခ်မြို့စား ဘွဲ့ရတဲ့ မင်းသားအန်ဒရူးဟာ နိုဝင်ဘာ ( ၁၉ ရက်နဲ့ ၂၀ ရက်တို့မှာ ဘုရင်မကြီးနေထိုင်ရာ နန်းတော်ကို လာရောက်ခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ သူ့ရဲ့ လုပ်ငန်းတာဝန်တွေ ကနေ နုတ်ထွက်သွားဖို့ ဖြစ်လာတော့တာ ပါပဲ။ ဘီဘီစီနဲ့ အင်တာဗျူးမတိုင်ခင်တုန်းကမင်းသားအန်ဒရူးဟာ ပိုပြီးနောင်တရတဲ့ ဟန်ပန်အမူအရာ ရှိနေပါ တယ်။
ဘုရင်မကြီးနဲ့တိုင်ပင်
ဂျက်ဖရီကို စုံစမ်းစစ်ဆေးဖို့အတွက် အကူအညီလိုအပ်လာရင်လည်း သင့်တော်တဲ့ တရားဥပဒေအောက်ကနေ အကူအညီပေး သွားဖို့ ဆန္ဒရှိတယ်လို့ မင်းသားအန်ဒရူးက ပြောခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ တော့ အမေရိကန်အာဏာပိုင်တွေဆီကနေ တရားဝင်အကူအညီတောင်းခံလာတာမျိုး မရှိသေးပါဘူး။ ရှိလာခဲ့ရင်လည်း မင်းသားအန် ဒရူးအတွက်နောက်ထပ်စွန့်စားခန်းကြီးတစ်ခု ဖြစ်လာဦးမှာပါ။ တော်ဝင်မိသားစုတွေ ထမ်း ဆောင်ရတဲ့ တာဝန်တွေကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ကတော့ မင်းသားအန်ဒရူးကိုယ် တိုင် ဆုံးဖြတ်ခဲ့တာပါပဲ။ ဒီလိုမျိုး ဆုံးဖြတ်နိုင် ဖို့အတွက် ဘုရင်မကြီးနဲ့လည်း တိုင်ပင်ခဲ့တဲ့ အပြင် အစ်ကိုတော်ဖြစ်သူ ချားလ်မင်းသားနဲ့ လည်း တိုင်ပင်ခဲ့တယ်လို့ သတင်းအရင်းအမြစ် တစ်ခုက ပြောပါတယ်။ အခုလိုဆုံးဖြတ်ချက်ဟာ တော်ဝင် မိသားစုအတွက် အကောင်းဆုံး နည်းလမ်းတစ်ခုအဖြစ် ရွေးချယ်ခဲ့ကြပါတယ်။
လူမှုရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်
အခုလို နုတ်ထွက်လိုက်တဲ့အတွက် ဘုရင်မကြီးဆီကနေ ထောက်ပံ့ကြေးတွေရမှာ မဟုတ်တော့ဘူးလို့ ဗြိတိန်မီဒီယာတွေမှာ ဖော်ပြကြပါတယ်။ အစိုးရကနေ ထောက်ပံ့ ပေးထားတဲ့ ငွေကြေးတွေကနေ ခရီးသွားလာ စရိတ်၊ ဝန်ထမ်းခန့်အပ်မှုစရိတ်၊ မီတာခ၊ ဖုန်းခွန်နဲ့ တော်ဝင်နန်းတော် ပြင်ဆင်ထိန်းသိမ်းစရိတ်တွေပါ ရမှာမဟုတ်တော့ဘူးလို့ ဖော်ပြကြပါတယ်။ ဘာကင်ဟမ်နန်းတော်ကပြောရေးဆိုခွင့်ရှိသူကတော့ အန်ဒရူးဟာတော်ဝင်မိသားစု ထမ်းဆောင်ရမယ့် တာဝန် တွေကနေ နုတ်ထွက်လိုက်ပေမယ့် သူ့ရဲ့ လူမှုရေးလုပ်ငန်းတွေမှာတော့ ဆက်လက်လုပ် ဆောင် သွားဦးမှာပါပဲလို့ ပြောကြားပါတယ်။
မီးတောက်မငြိမ်းနိုင်သေး
ပြင်ပမှာ သတင်းတွေမုန်တိုင်းထန်နေတဲ့အတွက် အခုလိုလုပ်ဆောင်ခဲ့ရပေမယ့် မင်းသားအန်ဒရူးရဲ့ လုပ်ဆောင် ချက်ဟာ တကယ်ပဲအရာ ထင်ပါ့မလား။ အမှန်တကယ် ထိခိုက်ခံစားခဲ့ရ သူတွေအပေါ် လုံလောက်တဲ့ တောင်းပန်မှုနဲ့ စာနာမှု မပြုလုပ်သေးသရွေ့တော့ ဒီမီးတောက် ဟာ ငြိမ်းနိုင်ဦးမှာမဟုတ်သေးပါဘူး။ ဂျက်ဖရီ ရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေအတွက် တကယ်ကို စာနာတဲ့ တောင်းပန်မှု တစ်ခု လိုနေပါပြီ။ ဒီဖြစ်ရပ်ဟာ တော်ဝင်မိသားစုအတွက် ထိခိုက် မှုတစ်ခုပါပဲလို့ ဗြိတိန်တော်ဝင်မိသားစုရေးရာ အကြောင်း ရေးသားနေသူ ပီတာဟန့်က စီအင်န်အင်န်ကို ပြောပါတယ်။ဝင်အိမ်တော်အတွက် မင်းသား အန်ဒရူးဟာ အဆိပ်ဖြစ်စေ တဲ့ ပုံရိပ်ဖြစ်သွားပါတယ်။
ပုံရိပ်ဆိုးကို ဖယ်ရှားဖို့ပြင်
အခုတော့ မင်းသားအန်ဒရူးကို တော်ဝင် လုပ်ငန်းတာဝန်တွေကနေ ဖယ်ရှားလိုက်ပြီဖြစ် တဲ့အတွက် ဒီပုံရိပ်ဆိုးကို ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။ တခြားသော တော်ဝင်မိသားစုဝင်တွေနဲ့ ပြည် သူတွေ တွေ့ဆုံပွဲကတော့ ယခင်လိုပဲ ပုံမှန်အတိုင်း ဆက်ရှိနေဦးမှာပါ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ဘုရင်မကြီးတို့ဇနီးမောင်နှံအတွက် မှတ်ကျောက်တင်နိုင်မယ့် မင်္ဂလာနှစ်ပတ်လည်နေ့ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လည်း ဘုရင်မကြီး အတွက်ကတော့ သာမန်လုပ်ရိုးလုပ်စဉ်လိုပါပဲ။ တော်ဝင်မိသားစုဝင်တွေ ချစ်ကြည်ရေး ခရီးသွားရောက်ကြတာကတော့ ဘုရင်မကြီးရဲ့သား အကြီးဆုံး ချားလ်မင်းသားနဲ့ ကွန်ဝဲလ်မြို့စား ကတော်တို့ နယူးဇီလန်ကို သွားကြတာက နောက်ဆုံးခရီးစဉ်ပါပဲ။ အဲဒီနောက်ပိုင်းမှာတော့ နောက်ထပ်ခရီးထွက်တာမျိုး မရှိသေးပါဘူး။
သွေးသားတော်စပ်မှုကို ဖျက်လို့မရ
မင်းသားအန်ဒရူးကို အင်တာဗျူးလုပ်ခွင့် ပေးလိုက်တာနဲ့ ပတ်သက်ပြီး အများစုက ဘုရင် မကြီးကို မေးမြန်းချင်ကြပါတယ်။ အင်တာဗျူး လုပ်မယ်ဆိုရင် ဘုရင်မကြီးရဲ့ ခွင့်ပြုချက်မရဘဲ လုပ်လို့မရပါဘူးလို့ ပီတာဟန့်က ဆက်ပြော ပါတယ်။ ဒါဟာ ဘုရင်မကြီးရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုပဲလို့ ပီတာဟန့်က ဆက် ပြောပါတယ်။ အခုနောက်ပိုင်း ဖြစ်လာသမျှ ကိစ္စတွေကတော့ ဘုရင်မကြီးကို ကာကွယ်ဖို့ အတွက် လုပ်လိုက်တာပါပဲ။ မင်းသားအန်ဒရူး ဟာ ဘုရင်မကြီးရဲ့ သားဖြစ်နေတုန်းပါပဲ။ သွေး သားဆိုတာဖျက်ဆီးပစ်လို့ မရပါဘူး။ ဒါပေမယ့် လည်း သားဖြစ်သူရဲ့ အပြုအမူဟာ ဘုရင်မကြီး ကို ထိခိုက်စေပါတယ်။
ဒါကြောင့်မို့ ဘုရင်မကြီး အနေနဲ့ မင်းသားအန်ဒရူးကို လက်လွှတ်လိုက် ဖို့ကလွဲရင် တခြားရွေးစရာလမ်း မရှိခဲ့ပါဘူး။ ဘုရင်မကြီးဟာ သူရဲ့ ကြီးကျယ်မြင့်မြတ်မှု အတွက် ပါလီမန်မှာ ထောက်ခံမှုအများစုနဲ့ အတူ သရဖူဆောင်းနိုင်တာလည်း ဖြစ်ပါတယ်။
အားနည်းချက်ဖြစ်လာ
အခုအခါမှာတော့ မင်းသားအန်ဒရူးဟာ ဘုရင်မကြီးအတွက် အားနည်းချက်ဖြစ်လာ ပါတယ်။ မင်းသားအန်ဒရူးကို တာဝန်တွေက နေပယ်လိုက်တာဟာ မကြုံစဖူးအဖြစ်အပျက် ( တစ်ခုပါပဲ။ အတိတ်ကာလကို ပြန်ကြည့်မယ် ဆိုရင်လည်း ၁၉၃၆ ခုနှစ်မှာလည်း မင်းသား အက်ဒဝက် ၈ ဟာ ထီးနန်းစွန့်ခဲ့ဖူးပါတယ်။ ဘုရင်မကြီးဟာ အမြဲတမ်း တာဝန်တွေကို ဦးစားပေးရတာပဲဖြစ်တာကြောင့် သားဖြစ်သူအတွက် ဒီလို ဆုံးဖြတ်ချက်ပေးခဲ့ရတာပဲလို့ လည်း ဝေဖန်ကြပါတယ်။ ဘုရင်မကြီးရဲ့ သက်တမ်းတစ်လျှောက်လုံးမှာ တခြား သော အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးဖြစ်လို့ အခုကြုံတွေ့ နေရတဲ့ အကျပ်အတည်းတွေကလည်း အမြန် ဆုံး ကျော်လွှားနိုင်မှာပါ။
တော်ဝင်မိသားစုပုံရိပ်ထိခိုက်
မင်းသားအန်ဒရူးကို စွပ်စွဲတဲ့ အမျိုးသမီး ကတော့ ၁၉၉၉ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်တို့ကြားမှာ သုံးကြိမ်တိုင်တိုင် သူနဲ့အတူနေဖို့ ဖိအားပေး ခံခဲ့ရတယ်လို့ စွပ်စွဲထားတာပါ။ မင်းသးအင်ဒရူးကတော့ အဲဒီအမျိုးသမီးကို မသိဘူးလို့ ငြင်း ဆိုထားပါတယ်။ မင်းသားအန်ဒရူး ဖြေကြား ခဲ့တဲ့ အင်တာဗျူးကတော့ လိင်ကုန်ကူးသူ ဂျက်ဖရီနဲ့ ခင်မင်မှုအတွက် မေးမြန်းမှုကို ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းသား အန်ဒရူးရဲ့ ဖြစ်ရပ်ကြောင့် တော်ဝင် မိသားစုရဲ့ ပုံရိပ်ကို ထိခိုက်ခဲ့ရတာကတော့ အမှန်ပါပဲ။ ။
ကိုးကား- စီအင်န်အင်န်


