သဲကုန်း အောက်တိုဘာ ၂၉
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အန္တရာယ်ကင်းစွာ မွေးဖွားနိုင်ရေးနှင့် ကိုယ်ဝန်စောင့် ရှောက်မှုအကြိမ်ပြည့်ရယူရန် အသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့က အင်းမတိုက်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် အင်းမတိုက်နယ်ဆရာဝန် ဒေါက်တာ ကျော်မျိုးနိုင်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင် မိခင်များအား သွေးအားနည်းရောဂါစစ်ဆေးခြင်း၊ ကာလသားရောဂါ စစ်ဆေးပေးခြင်း၊ HIV ပိုးရှိ၊ မရှိစစ်ဆေးပေးခြင်းစသည့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


