သဲကုန်း  စက်တင်ဘာ ၅

ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပေးအပ်သော အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင် များအား စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင်  ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၁၀၉)ဦးအား သုံးလတစ်ကြိမ် တစ်ဦးလျှင် (၃၀,၀၀၀) ကျပ်ဖြင့် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၆၆,၂၁၀,၀၀၀)သိန်း ထောက်ပံ့ပေးအပ်သွားမည်​ဖြစ်ပြီး ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါကလိုအပ်သည့် အထောက်အထားများဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

သက်ကြီးဘိုးဘွားများ ထောက်ပံ့ငွေထုတ်ယူရာတွင် အခက်အခဲမရှိစေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိသည့် ရပ်ကွက်၊ ကျေးရွာများမှ အသက် (၈၅)နှစ်အထက် အဘိုး၊ အဘွားများကိုလည်း  မြန်မာ့စီးပွားရေးဘဏ်ဖွင့်ရက်များတွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

မြို့နယ်(ပြန်/ဆက်)