ထီးချိုင့်  ၂၈  မတ်


သဘာဝပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပြုလုပ်သုံးစွဲနည်း၊ Organic Farming မျိုးစေ့ထုတ်လုပ်ရာတွင် လိုက်နာရမည့် အချက်များနှင့် SRI စိုက်ပျိုးနည်းစနစ် ပညာပေးသင်တန်းကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ဆင်ဖြူဆိပ်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဦးက စိုက်ပျိုးရေးဆိုင်ရာ နည်းပညာသင်တန်း ဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်နှင့် သက်တန်း၌ ဆွေးနွေးမည့် အကြောင်းအရာများကို ရှင်းလင်းပြေားကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇင်မြတ်မှ Organic Farming ဆိုင်ရာ လိုက်နာသင့်သည့် အချက်များ၊ သဘာဝမြေသြဇာနှင့် သဘာဝပိုးသက်ဆေး၊ မှိုသတ်ဆေး ပြုလုပ်သုံးစွဲနည်းများကို အသေးစိတ် ရှင်းလင်းပို့ချခဲ့သည်။


ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစေ့အဆင့်အလိုက် စပါးမျိုးကောင်း မျိုးသန့်ထုတ် လုပ်ရာတွင် လိုက်နာရမည့် အချက်များ၊ SRI စိုက်ပျိုးနည်းစနစ်နှင့် Raised-bed Method စိုက်ပျိုး နည်းစနစ် တို့ကို ရှင်းလင်းပို့ချခဲ့ကြောင်း သိရသည်။


ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဦးနှင့် ဝန်ထမ်းများက သဘာဝပိုးသတ်ဆေး၊ မှိုသတ်ဆေး ပြုလုပ်သုံးစွဲနည်းများကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။


ရဲလင်းထွန်း(ပြန်ဆက်)

 

1