သဘောထားအမြင်တို့၏  ချိန်ခွင်လျှာ

၁၃ ဒီဇင်ဘာ

ချိန်ခွင်၏ တစ်ဖက်တစ်ချက်ရှိ အလေးချိန်တို့သည် မညီမျှကွာဟနေပါက ချိန်ခွင်လျှာသည် တစ်ဖက်သို့ ယိမ်းသွားမည်ဖြစ်ပါသည်။ သဘောထား အမြင်တို့၌လည်း အကောင်းမြင်သဘောထားနှင့် အဆိုးမြင် သဘောထားတို့၏ အတိုင်းအတာ ပမာဏကွာဟနေပါက အလေးသာ သော သဘောထားအမြင်သည် ကောက်ချက်ချဆုပ်ကိုင်မည့် သဘောထား အမြင်ဖြစ်လာမည် ဖြစ်ပါသည်။လူထုအစိုးရသစ်လက်ထက်၌ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကျဆင်းသွားသည်ဟု ဝေဖန်ကြပါသည်။ တာဝန်ရှိပုဂ္ဂိုလ်တို့ကလည်း စီးပွားရေးဖွံ့ဖြိုး မှုနှုန်းကျဆင်းသွားသည်ဟု အသိအမှတ်ပြုဝန်ခံထားပါသည်။ ဤအချက် တစ်ခုတည်းအပေါ် အခြေခံသုံးသပ်ပါက လူထုအစိုးရသစ်၏ စွမ်းဆောင် ရည်သည် မပြည့်ဝဟု ကောက်ချက်ချရမည်ဖြစ်ပါသည်။သို့သော် လူထု အစိုးရသစ်လက်ထက်၌ စီးပွားရေးဆိုင်ရာ တခြားသော တိုးတက်မှုတို့ရှိနေ သည်ကို ထည့်သွင်းတွက်ချက်ပါက လူထုအစိုးရသစ်၏ စွမ်းဆောင်ရည် မပြည့်ဝဟု ကောက်ချက်ချရန် မလုံလောက်သော အနေအထားမျိုး ဖြစ်သွားမည် ဖြစ်ပါသည်။ ဥပမာအားဖြင့် ငွေကြေးဖောင်းပွမှုနှုန်းသည် ၂ဝ၁၆ ခုနှစ် ဧပြီလ၌ ၁၁ ဒသမ ၆၆ ရာခိုင်နှုန်းရှိရာမှ ၂ဝ၁၇ ခုနှစ် ဇူလိုင်လ၌ ဒသမ ၉၁ ရာခိုင်နှုန်းသာရှိပါတော့သည်။ အလားတူပင် လူထုအစိုးရသစ် လက်ထက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်၌ အစိုးရဘတ်ဂျတ် လိုငွေပြမှုကို ဒသမ ရာခိုင်နှုန်းမှ ဒသမ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါသည်။ တင်ပြလိုသည်မှာ သဘောထားအမြင်တစ်ရပ်၌ ရှုမြင်သုံးသပ်သည့် ရှုထောင့်စုံလင် လာသည်နှင့်အမျှ သဘောထားအမြင်တို့၏ ချိန်ခွင်လျှာ သည် အမှန်တရားဘက်သို့ ပိုမိုနီးကပ်စွာ ရွေ့လျားသွားမည် ဖြစ်ပါသည်။

 

ကိစ္စတစ်ရပ်လုံးကို ရှုထောင့်ပေါင်းစုံမှ ခြုံငုံသုံးသပ်မှသာ ပကတိအခြေ အနေမှန်ကို ထင်ဟပ်သည့် သဘောထားအမြင်ကို ဆုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။ ဤသဘောတရားကို ကဏ္ဍပေါင်းစုံ၌ မြင်တွေ့ရမည် ဖြစ်ပါသည်။ ရခိုင်ပြည်နယ် အရေးကိစ္စအပေါ် ရှုမြင်သုံးသပ်သော နိုင်ငံတကာ မီဒီယာ၏ အမြင်၌လည်း လူပေါင်းခြောက်သိန်းကျော် နေအိမ်တို့ကို စွန့်ခွာထွက်ပြေး ရသည်ဟူသော အချက်တစ်ချက်တည်းအပေါ် တစ်ဖက်သတ် ရပ်တည် သုံးသပ်ထားပါသည်။ အဆိုပါ နိုင်ငံတကာ မီဒီယာ၏ အမြင်သဘောထား၌ မြန်မာတိုင်းရင်းသား လူမျိုးတို့၏ အမျိုးသားရေးကိုယ်ပိုင်လက္ခဏာ ထိန်းသိမ်းလိုမှုနှင့် အချုပ်အခြာအာဏာပိုင်နယ်မြေ စောင့်ရှောက် ကာကွယ်လိုမှုတို့ကို လုံးဝလျစ်လျူရှုထားပါသည်။ ထို့အပြင် တပ်မတော်၏ အတိုင်းအဆမရှိ ချေမှုန်းနှိပ်ကွပ်မှုဆိုသည်ကိုသာ မျက်စိမှိတ်လက်ညှိုး ထိုးနေပြီးARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့၏ လူထုအားအကာ အကွယ်ယူ အကြမ်းဖက်မှုတို့ကိုမူ လုံးဝမမြင်လေဟန် လျစ်လျူရှုနေကြ ပါသည်။ တင်ပြလိုသည်မှာ ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် နိုင်ငံတကာ မီဒီယာ၏ ရှုမြင်သုံးသပ်ချက်၌ ရှုထောင့်ပေါင်းစုံမှ ရှုမြင်သုံးသပ်ရန် ပျက် ကွက်ခဲ့သောကြောင့် ပကတိအခြေအနေနှင့် ကင်းကွာသည့် သဘောထား အမြင်တို့သာ ထွက်ပေါ်လာပါသည်။ သို့ဖြစ်ပါ၍ ကိစ္စရပ်တိုင်း ကိစ္စရပ် တိုင်း၌ ရှုထောင့်ပေါင်းစုံမှ လေ့လာသုံးသပ်ခြင်းသည် မဖြစ်မနေ ဆောင် ရွက်ရမည့်ကိစ္စရပ် ဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။